ငှက်ပျောစိုက်ခင်းနေရာ ပြန်လိုချင်ကြောင်း ဒေသခံတွေ တောင်းဆို

ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာအုပ်စု၊ မြလယ်ကျေးရွာက ဒေသခံတောင်သူတွေရဲ့ မြေဧက ၇၀၀ ကို ဦးမြင့်တင်အပါ ၅၄ ဦးက ငှက်ပျောစိုက်ပျိုးရေး ကုမ္ပဏီကို ငှားရမ်းခဲ့တဲ့ မြေနေရာပြန်လို ချင်ကြောင်း ဒေသခံတွေက ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက် တာပါ။

တစ်သျှူးငှက်ပျော စိုက်ခင်းတစ်ခုကို တွေ့ရစဉ်

ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာအုပ်စု၊ မြလယ်ကျေးရွာက ဒေသခံတောင်သူတွေရဲ့ မြေဧက ၇၀၀ ကို ဦးမြင့်တင် အပါ ၅၄ ဦးက ငှက်ပျောစိုက်ပျိုးရေး ကုမ္ပဏီကို ငှားရမ်းခဲ့တဲ့ မြေနေရာပြန်လိုချင်ကြောင်း ဒေသခံတွေက ဒီကနေ့ပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်တာပါ။ သာယာဝပျောကုမ္ပဏီဟာ ၂၀၁၈ ခုနှစ် သြဂုတ်လ ကစပြီး အဲဒီမြေနေရာမှာ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

မြေငှားရမ်းခဲ့တဲ့ ဦးမြင့်တင်ဟာ အရင်က စင်းခန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်ပြီး ကျန်အဖွဲ့ဝင်တွေက မြလယ်ကျေးရွာဒေသခံတွေ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခုငှားရမ်းထားတဲ့မြေတွေဟာ ဒေသခံတောင်သူတွေ ဘိုးဘွားစဉ်ဆက် စိုက်ပျိုးမြေဖြစ်တဲ့အပြင် အခွန်ပေးဆောင် ခဲ့တဲ့ ပြေစာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလိုကုမ္ပဏီကို မြေငှားရမ်းလိုက်တာနဲ့ ပတ်သက်ပြီး ဦးမြင့်တင်ကို RFA က ဆက်သွယ်ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ဒီမြေတွေဟာ ဒေသခံတောင်သူ ၄၇ ဦးရဲ့ ဘိုးဘွားစဉ်ဆက် စိုက်ပျိုးလာခဲ့တဲ့မြေတွေ ဖြစ်တဲ့အတွက် ပြန်လိုချင်တယ်လို့ ဒေသခံဒေါ်ဆန်ဂျာ က ပြောပါတယ်။

အရင်က မြလယ်ကျေးရွာမှာ ဒေသခံတွေက ကြံ၊ ပြောင်း၊ နှမ်း၊ စပါး အစရှိတာတွေ စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org