မယ်ဟောင်ဆောင်က မြန်မာ ဒုက္ခသည်တွေ ပြန်ပို့ရေး စီစဉ်နေ

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ကို ထွက်ပြေးလာကြတဲ့ မြန်မာဒုက္ခသည်တွေ ကို နေရပ်ပြန်ပို့ဖို့ အတွက် ထိုင်းနဲ့မြန်မာ အာဏာပိုင်တွေက စာရင်းပြုစုနေကြတယ်လို့ မနေ့က ကျင်းပတဲ့ TBC- ထိုင်း-မြန်မာ နယ်ခြားကော်မတီ အစည်းအဝေးကနေထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ထိုင်း - မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ် Photo: Wai Mar Tun/RFA

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ကို ထွက်ပြေးလာကြတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ အတွက် ထိုင်းနဲ့မြန်မာအာဏာပိုင်တွေက စာရင်းပြုစုနေကြတယ်လို့ မနေ့ကကျင်းပတဲ့ TBC- ထိုင်း-မြန်မာ နယ်ခြားကော် မတီ အစည်းအဝေးကနေထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တိုက်ပွဲတွေကြောင့်ထွက်ပြေးကြရပြီး မယ်ဟောင်ဆောင်က ယာယီစခန်းတွေမှာ နေထိုင်နေကြတဲ့ မြန်မာ ဒုက္ခသည်တွေအရေးကိုလည်း ထိုင်း အမှတ် ၇ ခြေလျင်တပ် အထူးတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ထိုင်း TBC အဖွဲ့နဲ့ မြန်မာတာဝန်ရှိသူတွေ ဆွေးနွေးကြပါတယ်။

ခိုလှုံရေးစခန်းတွေပြင်ဆင်ပြီး သက်ဆိုင်ရာနေရပ်ကို ပြန်ပို့ဖို့နိုင်အတွက် ဒုက္ခသည်အရေအတွက်နဲ့ ဘာတိုင်းရင်းသားတွေ ဖြစ်တယ်ဆိုတာ သတင်းအချက်အလက် စုဆောင်းနိုင်ဖို့ အချိန်လိုတယ်လို့ မြန်မာ ဘက်က ပြောကြားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သံလွင်မြစ်ကြောင်းမှာတွေ့ရတဲ့ ကျွန်းဖောင်တွေ ကိစ္စကိုတော့ မဆွေးနွေးဘူးလို့ The Nation သတင်းမှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org