ထိုင်းနယ်စပ်က ကျောင်း သုံးကျောင်း မြန်မာနိုင်ငံက လက်ခံ အသိအမှတ်ပြု

ထိုင်းနိုင်ငံ မြန်မာနယ်စပ်အနီးရှိ တတ်ခရိုင် က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သား သမီးတွေကို ပညာသင်ကြားနေတဲ့ ကျောင်းသုံးကျောင်း ကို မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုလိုက် ပြီလို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ နေးရှင်းသတင်းစာ က ရေးသားဖေါ်ပြလိုက်ပါတယ်။

ထိုင်းနိုင်ငံ မြန်မာနယ်စပ်အနီးရှိ တတ်ခရိုင်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေကို ပညာသင်ကြားနေ တဲ့ ကျောင်းသုံးကျောင်းကို မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုလိုက်ပြီလို့  အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေ တဲ့ နေးရှင်းသတင်းစာက ရေးသားဖေါ်ပြလိုက်ပါတယ်။

ပါရမီ၊ အာရုဏ်ဦး စတဲ့  အဲ့ဒီကျောင်းသုံးကျောင်းကနေ အောင်မြင်လာတဲ့ ကျောင်းသား ကျောင်းသူတွေ ကို မြန်မာနိုင်ငံတွင်းရှိ အခြေခံပညာကျောင်းတွေက လက်ခံတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကျောင်းသားကျောင်းသူ ၇၀ လောက် အဲ့ဒီကျောင်းတွေကနေ အောင်မြင်လာခဲ့ကြပြီး အခုနှစ်မှာ  ၁၁၅ ယောက် ပညာသင်ကြားနေကြ တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံ အစိုးရတွေနဲ့ ကုလသမဂ္ဂ၊ ယူနီဆက်ဖ် အပါအဝင် အဖွဲ့အစည်းအများအပြားက စုပေါင်းအားထုတ်ခဲ့ကြတဲ့ အသီးအပွင့် ဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org