ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် များကို မြန်မာ ပြန်လက်ခံတော့ မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားမြို့က ဒုက္ခသည်စခန်းနှစ်ခုမှာရှိတဲ့ ဒုက္ခသည်တွေ ကို စိစစ်ပြီး ပြန်လည်လက်ခံမယ်လို့ မြန်မာအစိုးရက သဘောတူလိုက်ကြောင်း ဘင်္ဂလားဒ့ရှ် သတင်းမီဒီယာတွေ က ဖော်ပြကြပါတယ်။

ဘင်္ဂလားဒေချ့်နိုင်ငံတွင်းရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းတစ်ခုဖြစ်ပါသည်။(Photo: AFP) AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားမြို့က ဒုက္ခသည်စခန်းနှစ်ခုမှာရှိတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံမယ်လို့ မြန်မာအစိုးရက သဘောတူလိုက်ကြောင်း ဘင်္ဂလားဒ့ရှ် သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ကနဦးအဆင့်အနေနဲ့ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံသား အဖြစ် စိစစ်ခဲ့ပြီးသူ ၂၄၁၅ ယောက်ကို ပြန်လည်ခေါ် ယူမှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်နဲ့ ဒါကာမြို့မှာ  တွေ့ဆုံဆွေးနွေးအပြီးမှာ ပြောကြားခဲ့ တာပါ။

အခုအခါ ကောက်စ်ဘဇားမြို့ ဒုက္ခသည်စခန်းနှစ်ခုမှာ ဒုက္ခသည်ပေါင်း သုံးသောင်းနှစ်ထောင်ဝန်းကျင် ရှိနေပါတယ်။

မြန်မာဘက်က ပြန်ခေါ်မယ့်အရေအတွက်ဟာ စစချင်းနည်းနေသေးပေမဲ့၊ ဒါဟာ တကယ့်အရေးပါ တဲ့ ဖြစ်ပေါ်ပြောင်းလဲမှုကြီးဖြစ်ပါတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာပြည်ဘက်က ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဟာ လာမယ့်နှစ်လအတွင်း အပြီးသတ် ဆောင်ရွက် မှာဖြစ်ကြောင်း၊ အဲ့သလိုဆောင်ရွက်နိုင်ဖို့ နှစ်ဘက်လုံးကအရာရှိတွေပါဝင်တဲ့ အလုပ်အဖွဲ့တစ်ရပ် ဖွဲ့စည်း မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့ရာမှာ ရိုဟင်ဂျာ ပြဿနာလည်းပါဝင်ကြောင်း၊ အလွန်အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါ့ပြင် ရေပိုင်နက်ကျူးကျော်မှုနဲ့ထိန်းသိမ်းခံထားရတဲ့ နှစ်နိုင်ငံက တံငါသည်တွေ လဲလှယ်ရေး အစီအစဉ် လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org