မြန်မာစစ်တပ်ကို ဆက်လက်ကူညီသွားမယ်လို့ သြစတြေးလျအစိုးရ ပြောကြား

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်ပေမယ့် သြစတြေးလျအနေနဲ့ မြန်မာစစ်တပ်ကို သတ်မှတ်ချက်အတိုင်းအတာတခုအထိ သင်တန်းအကူအညီတွေ ဆက်လက်ပေးအပ်ကူညီသွားမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြောကြားလိုက်ပါတယ်။

တပ်မတော်နေ့မှာ စစ်ရေးပြနေတဲ့ တပ်မတော်သားတွေကို တွေ့ရစဉ်

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်ပေမယ့် သြစတြေးလျအနေနဲ့ မြန်မာစစ်တပ်ကို သတ်မှတ်ချက်အတိုင်းအတာတခုအထိ သင်တန်းအကူအညီတွေ ဆက်လက်ပေးအပ်ကူညီသွားမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြောကြားလိုက်ပါတယ်။

ဗြိတိန်၊ အမေရိက၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ကနေဒါတို့က မြန်မာစစ်တပ်နဲ့ ဆက်ဆံကူညီမှုတွေကို ဖြတ်တောက် လိုက်ချိန်မှာ သြစတြေးလျက မြန်မာစစ်တပ်ကို ကူညီတဲ့အစီအစဉ်ဆက်သွားဖို့ပြောဆို လိုက်တာပါ။ သြစတြေးလျ ဟာ စစ်ရေးအကူအညီအပါအဝင် လူသာချင်းစာနာကူညီမှုဆိုင်ရာ သင်တန်းတွေ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ငြိမ်းချမ်းရောလုပ်ငန်းစဉ်နဲ့ အင်္ဂလိပ်စာသင်ကြားမှုတွေအတွက် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၄ သိန်းဖိုးပေးမှာရှိတဲ့ အကူအညီပေးမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org