လက်နက်သုံးခြိမ်းခြောက်မဲဆွယ်မှု လက်မခံနိုင်ကြောင်း ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် သတိပေး

လာမယ့် နိုဝင်ဘာလဆန်းမှာကျင်းပမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ လက်နက်နဲ့ ခြိမ်းခြောက်ပြီးမဲဆွယ်တာကို လက်ခံမှာ မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ကျရောက်တဲ့ အနှစ် ၇ဝ မြောက် တပ်မတော်နေ့ အခမ်းအနား မှာ ပြောကြားခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က တပ်မတော်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားစဉ်

လာမယ့် နိုဝင်ဘာလဆန်းမှာကျင်းပမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ လက်နက်နဲ့ ခြိမ်းခြောက် ပြီးမဲဆွယ်တာကို လက်ခံမှာမဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ကျရောက်တဲ့ အနှစ် ၇ဝ မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောကြား ခဲ့ပါတယ်။

နေပြည်တော် ဇေယျာသီရိမြို့နယ် စစ်ရေးပြကွင်းမှာ ကျင်းပခဲ့တဲ့ တပ်မတော်နေ့အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

"၂ဝ၁၅ ခုနှစ် နိုဝင်ဘာလဆန်းမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးဟာ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာမှာ အလွန်အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်၊ အထွေထွေရွေးကောက် ပွဲကြီး စနစ်တကျနဲ့ ရိုးသားစွာပါဝင်ပြီးမြောက်စေ ဖို့အတွက် အဓိကလိုအပ်တာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဖြစ်တယ်၊ နိုင်ငံတော် ရဲ့တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို နှောက်ယှက်ဖျက်ဆီးပြီၤး ရွေးကောက်ပွဲမှာ လက်နက်ကိုင်ဖိအားပေး ရွေးချယ်ခိုင်းတာတွေ၊ လက်နက်နဲ့ ခြိမ်းခြောက်ရွေးချယ်ခိုင်းတာတွေ လုံးဝအဖြစ်ခံမှာမဟုတ်ကြောင်း ပြောပြလိုတယ်၊ မြန်မာတစ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အကြောင်းအမျိုးမျိုးပြပြီး နည်းလမ်းမျိုးစုံနဲ့ ကျူးလွန်ဆောင်ရွက်မျိုးတွေဟာ လက်ရှိဘဝမျိုးမှာ တော်တော်မျာများဟာ ဥပဒေမညီညွတ်တဲ့အတွက် သတိကြီးစွာထားပြီး တားဆီးဆောင်ရွက်ကြဖို့လိုအပ်တယ်"

တပ်မတော်က ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ အောင်မြင်ဖို့အတွက် တာဝန်ရှိတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ကတိကဝတ်တွေ ကို စောင့်ထိန်းဖို့နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်မှာ လုံခြုံရေးဆိုင်ရာပေါင်းစည်းခြင်းဆိုတဲ့ DDR လုပ်ငန်းစဉ်ဟာ မရှိမဖြစ်လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းအရ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်အနေနဲ့ပါဝင်ဖို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းထားတာဖြစ်ပြီး တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး စစ်ရေးပြပွဲမှာ တပ်မတော်လေကြောင်းချီတပ်ရင်း၊ တပ်မတော် အမျိုးသမီးအရာရှိ စစ်သည်စစ်ကြောင်းနဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ ဒုံးလက်နက်တွေကို ပြသခဲ့ပါတယ်။ အခမ်းအနားမှာ တပ်ဖွဲ့အသီးသီးက အင်အား ၁ သောင်းကျော် ပါဝင်ချီတက်ခဲ့ကြပါတယ်။

ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအရ တက်ရောက်နိုင်ခြင်းမရှိကြောင်း NLD ပါတီက ပြောပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီက ရန်ကုန်မှာ ကျင်းပပြုလုပ်တဲ့ မတ်လ ၂၇ ရက်နေ့ တော် လှန်ရေးနေ့အခမ်းအနားကိုလည်း တက်ရောက်နိုင်ခြင်းမရှိဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org