မြန်မာမှာ ဒေသခံ ကိုးဦး ဖမ်းဆီးခံထားရကြောင်း ဟောင်ကောင် အစိုးရပြော

ထိုင်းနိုင်ငံကတစ်ဆင့် လူကုန်ကူးခံရပြီး ကယ်တင်ဖို့ကျန်ရှိနေတဲ့ ဟောင်ကောင်ဒေသခံ ဆယ်ဦးမှာ ကိုးဦးက မြန်မာနိုင်ငံမှာဖြစ်ပြီး နောက်ထပ် တစ်ဦးက ကမ္ဘောဒီးယားနိုင်ငံမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဟောင်ကောင် လုံခြုံရေးအကြီးအကဲ Chris Tang ကို တွေ့ရစဉ်။ Hong Kong Free Press

မြန်မာနိုင်ငံက ကျားဖြန့်ဂိုဏ်းတွေမှာ ဟောင်ကောင်ဒေသခံ ကိုးဦး ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဟောင်ကောင် လုံခြုံရေးအကြီးအကဲ Chris Tang ကပြောကြောင်း Hong Kong Free Press က ဇန်နဝါရီ ၂၇ ရက် ဒီနေ့ဖော်ပြပါတယ်။

ထိုင်းနိုင်ငံကတစ်ဆင့် လူကုန်ကူးခံရပြီး ကယ်တင်ဖို့ကျန်ရှိနေတဲ့ ဟောင်ကောင်ဒေသခံ ဆယ်ဦးမှာ ကိုးဦးက မြန်မာနိုင်ငံမှာဖြစ်ပြီး နောက်ထပ် တစ်ဦးက ကမ္ဘောဒီးယားနိုင်ငံမှာ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အဲဒီဆယ်ဦးလုံးနဲ့ အဆက်အသွယ်ရရှိထားပြီး အမြန်ဆုံးပြန်လည်ခေါ်ယူနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံတွေက အာဏာပိုင်တွေနဲ့ ဆောင်ရွက်နေတယ်လို့ Chris Tang က ပြောပါတယ်။

မြန်မာနိုင်ငံ ကျားဖြန့်ဂိုဏ်းတစ်ခုက ပြန်လည်ကယ်တင်နိုင်ခဲ့တဲ့ ဟောင်ကောင်ဒေသခံတစ်ဦးဟာလည်း ဒီနေ့ ဟောင်ကောင်ကို ပြန်ရောက်မယ်လို့ Hong Kong Free Press က ဖော်ပြပါတယ်။

မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့ သီတင်းပတ်က ကယ်တင်နိုင်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် အဲဒီဒေသခံအမျိုးသားကို ဟောင်ကောင် လုံခြုံရေးဗျူရိုရဲ့ အထူးတပ်ဖွဲ့က ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းမှာ ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ ဆုံခဲ့တယ်လို့ ဆိုပါတယ်။

အခုလွတ်မြောက်လာသူဟာ မြန်မာနိုင်ငံက ကျားဖြန့်ဂိုဏ်းတစ်ခုမှာ လေးလကြာ ထိန်းသိမ်းခံရပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့တာလို့ ဟောင်ကောင်လုံခြုံရေးအကြီးအကဲ Chris Tang က ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ဟောင်ကောင်ဒေသခံ ၂၈ ဦးဟာ အရှေ့တောင်အာရှနိုင်ငံတွေကို လူကုန်ကူးခံရပြီး ၁၈ ဦးက တော့ နေရပ်ပြန်လာနိုင်ပြီလို့ ဆိုပါတယ်။

အခုလို ပြန်လွတ်လာတဲ့သူတွေဟာ ခြိမ်းခြောက်ငွေတောင်းခံတာတွေကို ပေးခဲ့ရသလားဆိုတာကိုတော့ ဟောင် ကောင်အစိုးရက အသေးစိတ် ပြောကြားခြင်းမရှိဘူးလို့ Hong Kong Free Press က ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org