မြန်မာနိုင်ငံက အရပ်သားတွေကို အကာအကွယ်ပေးဖို့ ARF တိုက်တွန်း

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နောက်ဆက်တွဲအဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ မြင်ကွင်းတစ်ခု။ Photo: AFP

ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံက အရပ်သားတွေကို အကာအကွယ်ပေးဖို့ Asean Regional Forum-ARF အာဆီယံ အရှေ့တောင်အာရှဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲမှာ ပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေက သြဂုတ် ၁ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနောက်ဆက်တွဲအဖြစ် ARF အစည်းအဝေးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းလိုက်တာလို့ ရိုက်တာသတင်းက ဖော်ပြတာပါ။

ဒါ့အပြင် တောင်တရုတ်ပင်လယ်နယ်နိမိတ် သူပိုင်-ငါပိုင် အငြင်းပွားမှုမှာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့နဲ့ နိုင်ငံတကာ ဥပဒေနဲ့အညီ အဖြေရှာဖို့လည်း တိုက်တွန်းပါတယ်။

ကိုရီးယားကျွန်းဆွယ်နဲ့ ပတ်သက်လို့လည်း သက်ဆိုင်သူတွေ စေ့စပ်ဆွေးနွေးပြီး နျူကလီးယား ကင်းရှင်းဇုန်ထားရှိဖို့နဲ့ ဂါဇာကမ်းမြှောင်ဒေသက လူသားချင်းစာနာရေး အခြေအနေကို စိုးရိမ်တဲ့အကြောင်းလည်း ARF အဖွဲ့ဝင်တွေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ARF အစည်းအဝေးကို အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ရုရှား၊ သြစတြေးလျစတဲ့ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org