ဘင်္ဂလားဒေ့ရှ် မြန်မာနောက်ဆုံး အခြေအနေ

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က သေ ဆုံးသွားတဲ့ တပ်သားဆီက သိမ်းဆည်း ထားတဲ့လက်နက်တွေကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က မနေ့က ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မေလ ၂၈ ရက်နေ့က ဖြစ် ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေဆုံးသွားသူတစ်ဦးရဲ့ ရုပ်အလောင်းကို ဘင်္ဂလားဒေ့ရှ်အရာရှိတွေဆီ မေလ ၃၁ ရက်နေ့က လွှဲပြောင်းပေးခဲ့ပါတယ်။ Photo: Saw Myint Than

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က သေဆုံးသွားတဲ့ တပ်သားဆီက သိမ်းဆည်းထားတဲ့ လက်နက်တွေ ကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က မနေ့ က ပြန်လည် လွှဲပြောင်းပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့မှာပြုလုပ်တဲ့နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲ မှာ ပြန်ပေးလိုက်တာဖြစ်ပါတယ်။ စက်သေနတ်ငယ် တစ်လက်၊ ကျည်ဘောက် ၄ ဘောက်နဲ့ ကျည်ဆန် ၁၂၀ ကို ပြန်ပေးတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် Cox's Bazar ဒေသဆိုင်ရာ တပ်မှူး ဗိုလ်မှူးကြီး ဖါရစ် ကပြောပါတယ်။

ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်ဘက်က ဗိုလ်မှူးကြီးဖါရစ် ဦးဆောင်ပြီး အဖွဲ့ဝင် ၂၃ ယောက်ပါဝင်ပါတယ်။ မြန်မာ ဘက်က ဗိုလ်မှူးချုပ်တင်ကိုကို ဦးဆောင်တဲ့ အဖွဲ့ ဝင် ၁၅ ယောက်ပါဝင်တယ်လို့ ဆိုပါ တယ်။ ဆွေးနွေးပွဲကို မနက် ၁ဝ နာရီခွဲလောက်မှာစပြီး စုစုပေါင်း ၄ နာရီလောက် ကြာမြင့်တယ်လို့ဆို ပါတယ်။

မေလ ၂၈ ရက်နေ့ကဖြစ်ခဲ့တဲ့ နယ်စပ်တိုက်ပွဲမှာ မြန်မာဘက်ကယူဆောင်သွားတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်ရဲ့အလောင်းကို ပြန်လည်လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာသံအမတ်ကြီးကိုဆင့်ခေါ် ပြီးတောင်းဆိုခဲ့သလို၊ နယ်စပ်တလျှောက် မြန်မာဘက်က စစ်အင်အားတိုးချဲ့ ချထားတာကိုလဲ ပြန်ပြီးရုပ် သိမ်းပေးဖို့တောင်းဆိုခဲ့ပြီးတဲ့နောက် အလောင်းရောလက်နက်တွေပါ ပြန်ပြီးလွှဲပေးတာလို့ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org