မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ပေါက်ကွဲမှုနှစ်ခုဖြစ်ပွား

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာဘက်ခြမ်းမှာ မနေ့က ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ပြီး၊ သေနတ် သံတွေနဲ့ မီးခိုးလုံးတွေ ကြားရ၊ မြင်ရတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောဆိုကြောင်း ရိုက်တာသတင်း က ဖေါ်ပြပါတယ်။

အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားတွေ ရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးထားစဉ် Photo: Information Committee

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာဘက်ခြမ်းမှာ မနေ့က ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ပြီး၊ သေနတ်သံတွေနဲ့ မီးခိုးလုံးတွေ ကြားရ၊ မြင်ရတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောဆိုကြောင်း ရိုက်တာသတင်း က ဖေါ်ပြပါတယ်။

ပေါက်ကွဲမှုဟာ မြေမြှုပ်မိုင်းကြောင့်လို့ ယူဆရပြီး၊  ခြေတဖက်ပြတ်တောက်သွားခဲ့တဲ့ အမျိုးသမီးတဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း သယ်ယူ ကုသပေးနေတယ် လို့လည်းပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးဇော်ဌေး က ပေါက်ကွဲမှုက ဘယ်နေ ရာဖြစ်တာလဲ၊ အဲဒီနေရာကို သွားရောက် ပြီး မြေမြှုပ်မိုင်းချထားနိုင်သူတွေဟာ ဘယ်သူတွေဖြစ်နိုင်သလဲ၊ အကြမ်း ဖက်သမားတွေ ချထားတာမဟုတ်ဘူးလို့ ဘယ်သူ သေချာပေါက်ပြောနိုင် သလဲ စတဲ့အချက်တွေ ထည့်သွင်းစဉ်းစား ဖို့လိုအပ်မှာဖြစ်ကြောင်း  မေးစရာမေးခွန်းတွေအများကြီးရှိကြောင်း၊  လမ်းဘေးက လူတယောက်ယောက်ပြောတာ ကို အခြေခံပြီး သတင်းရေးတယ်ဆိုရင်တော့ အခြေအမြစ်ရှိတဲ့သတင်းလို့ ဆိုနိုင်မှာမဟုတ်ကြောင်း  ရိုက်တာ သတင်းကို ပြောဆိုခဲ့တယ်လို့လည်း ဖေါ်ပြပါတယ်။

ဒီအတွင်း Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ အကူအညီတွေကို မြန်မာအာဏာပိုင်တွေက ကန့်သတ်လိုက်လို့ အကူအညီမဲ့ နေသူတွေအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေမှာရှိနေတယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒါ့ပြင် နိုင်ငံတကာ လူသားချင်းစာနာကူညီရေးအဖွဲ့တွေဟာ ရခိုင်ပြည်နယ်တွင်းက လက်နက်ကိုင်တွေကို အားပေး ကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ လည်း အခြေအမြစ်မရှိဘဲ တာဝန်မဲ့ ပြောဆိုချက်တွေသာဖြစ်ကြောင်း၊ ကူညီရေးအဖွဲ့တွေဟာ မြန်မာပြည်သူတွေ အကူအညီ လိုအပ်နေတဲ့အချိန်တိုင်း ကူညီထောက်ပံ့လာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီဖြစ်ကြောင်းလည်း ကြေညာချက်မှာဖေါ်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org