ပိုင်နက်မြေပုံ မှားယွင်းဖော်ပြမှု မြန်မာကို ဘင်္ဂလားဒေ့ရှ် ကန့်ကွက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်တစ်ခုကို မြန်မာနိုင်ငံ မြေပုံမှာ မှားယွင်းဖော်ပြထားတာကို ကန့်ကွက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို မနေ့က ဆင့်ခေါ်တယ်လို့ ဘင်္ဂလားဒေ့ရှ် bdnews က ဖော်ပြပါတယ်။ ပင်လယ်ရေကြောင်းရေးရာ အတွင်းဝန်က မြန်မာသံအမတ်ကို သူ့ရုံးမှာ ကန့်ကွက်စာ ပေးအပ်တယ်လို့ ဆိုပါတယ်။
-
2018-10-06 -
-
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်တစ်ခုကို မြန်မာနိုင်ငံ မြေပုံမှာ မှားယွင်းဖော်ပြထားတာကို ကန့်ကွက်ဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို မနေ့က ဆင့်ခေါ်တယ်လို့ ဘင်္ဂလားဒေ့ရှ် bdnews က ဖော်ပြပါတယ်။ ပင်လယ်ရေကြောင်းရေးရာ အတွင်းဝန်က မြန်မာသံအမတ်ကို သူ့ရုံးမှာ ကန့်ကွက်စာ ပေးအပ်တယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူ့အင်အားဦးစီးဌာန တရားဝင် အင်တာနက် စာမျက်နှာနဲ့ Myanmar Information Management Unit အင်တာနက် စာမျက်နှာတို့ကို မွမ်းမံလိုက်တာလို့ တာဝန်ရှိသူတစ်ယောက်က ရှင်းပြတယ်လို့ သတင်းက ဖော်ပြပါတယ်။ အဲဒီ အင်တာနက်စာမျက်နှာတွေမှာ St. Martin ကျွန်းကို မြန်မာပိုင်နက်အဖြစ် ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဒါမှားယွင်းကောင်း မှားယွင်းတာဖြစ်ပါလိမ့်မယ်လို့ မြန်မာသံအမတ်က ပြောပြီး ဖြစ်ရတဲ့ အကြောင်းသိအောင်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်က ပြောပါတယ်။ ရိုဟင်ဂျာပြဿနာ အာရုံစိုက်နေတာက လမ်းလွှဲဖို့ တမင်လုပ်တယ်လို့ ယူဆတယ် ဆိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူ တစ်ယောက်ကပြောတယ်လို့လည်း သတင်းက ဖော်ပြပါတယ်။
ကိုလိုနီခေတ် ၁၉၃၇ ခုမှာ မြန်မာနိုင်ငံ ခွဲထွက်ချိန်မှာ St. Martin ဟာ ဗြိတိသျှ ကိုလိုနီ အိန္ဒိယမှာ ပါဝင်ပါတယ်။ အိန္ဒိယ - ပါကစ္စတန် ခွဲထွက်ချိန်မှာ အရှေ့ ပါကစ္စတန်မှာပါဝင်ပြီး လွတ်လပ်ရေးရချိန်မှာ ဘင်္ဂလားဒေ့ရှ်မှာ ပါတယ်လို့ ဖော်ပြပါတယ်။ ၁၉၇၄ ပထမဆုံးအကြိမ် ပင်လယ် ရေပိုင်နက် သတ်မှတ်ချက် သဘောတူညီချက်နဲ့ ကုလသမဂ္ဂ တရားရုံးဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ် ပိုင်တယ်လို့ ပြောပါတယ်။