ကမ္ဘာမှာ မြန်မာ သဒ္ဓါတရား အကောင်းဆုံး

ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ဟာ စေတနာ သဒ္ဓါတရားအကောင်းဆုံး၊ အလှူအတန်း အရက်ရောဆုံးဖြစ်တယ် လို့ လေ့လာချက်တစ်ရပ်က ဆိုပါတယ်။

သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံဘုရားမှာ ရေသပ္ပာယ်သူများကို တွေ့ရစဉ်

ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ စေတနာ သဒ္ဓါတရားအကောင်းဆုံး၊ အလှူအတန်း အရက်ရောဆုံးဖြစ်တယ် လို့ လေ့လာချက်တစ်ရပ်က ဆိုပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်အခြစိုက် The charities Aid Foundation ( CAF ) ခေါ် အဖွဲ့ရဲ့ နိုင်ငံပေါင်း ၁၄၆ နိုင်ငံကို လေ့လာချက်အရ မြန်မာက အလှူအတန်းအရက်ရောဆုံးအဖြစ် စာရင်းရဲ့ ထိပ်ဆုံးမှာရှိနေပြီး၊ အမေရိကန်ပြည်ထောင်စုက ဒုတိယနေရာမှာ ရှိနေပါတယ်။ နယူးဇီလန်က တတိယ၊ ကနေဒါ ကစတုတ္တ၊ သြစတြေးလျက ပဉ္စမနေရာတွေမှာရှိနေကြပါတယ်။

အိန္ဒိယကတော့ အမှတ်စဉ် ၁၀၆ နေရာမှာရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org