ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃၄ ယောက်ကို ပြန်ပို့

2024.06.09
ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃၄ ယောက်ကို ပြန်ပို့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြသည့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီခ ၁၅ ရက်နေ့က ပြန်လည်ပို့ဆောင်စဉ်။
Photo: AFP

ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃၄ ယောက်ကို မြန်မာဘက် ပြန်ပို့လိုက်တယ်လို့ UNB သတင်းမှာ ဇွန်လ ၉ ရက်နေ့က ဖော်ပြပါတယ်။

တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၅ ယောက်ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို မြန်မာစစ်ကောင်စီ ရေတပ်သင်္ဘောနဲ့ မနေ့က ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် စစ်ကောင်စီ ဝန်ထမ်းတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။

ဒီနှစ်အတွင်း မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၇၅၂ ယောက်အပါအဝင် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာသူတွေကို အသုတ်သုံးသုတ်ခွဲပြီး မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးထားပြီး ဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း ၂၁၈ ယောက်ကိုလည်း နေရပ်ကို ပြန်လည်ခေါ်‌ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။