အကြမ်းဖက်မှု ကာကွယ် တိုက်ဖျက်ရေးအတွက် CCTV တွေ တပ်ဆင်မည်

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ် နှိမ် နင်းရေးဆောင်ရွက်ချက် တစ်ရပ်အနေနဲ့ ဒီနှစ်အတွင်း CCTVခေါ် လုံခြုံရေးဆိုင်ရာ စောင့်ကြည့် မှတ်တမ်းယူ ကင်မရာတွေ အများအပြားတပ်ဆင်သွားဖို့ စီစဉ်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုကြောင်း Channel News Asia သတင်း က ဖေါ်ပြပါတယ်။

လုံခြုံရေးကင်မရာ CCTV တစ်လုံးကို တွေ့ရစဉ်

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ် နှိမ်နင်းရေးဆောင်ရွက်ချက် တစ်ရပ်အနေနဲ့ ဒီနှစ်အတွင်း CCTVခေါ် လုံခြုံရေးဆိုင်ရာ စောင့်ကြည့်မှတ်တမ်းယူ ကင်မရာတွေ အများအပြားတပ်ဆင်သွားဖို့ စီစဉ်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုကြောင်း Channel News Asia သတင်း က ဖေါ်ပြပါတယ်။

အဲ့ဒီ CCTV ကင်မရာတွေ ထိန်းချုပ်ရေး ဗဟိုဌာနကို ရန်ကုန်မြို့မှာ ထူထောင်မှာဖြစ်ပြီး၊ အရာရှိတွေကို လည်း လေ့ကျင့်သင်တန်းပေးမယ်လို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုဌာန တွဲဖက်အတွင်းရေးမှူးလည်းဖြစ် ၊ နိုင်ငံစုံကျော် ရာဇဝတ်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ အကြီးအကဲလည်းဖြစ်တဲ့ ဗိုလ်မှူးချုပ် စိုးမြိုင်က ပြောဆိုပါတယ်။

အင်ဒိုနိးရှား ဂျကာတာမှာ အကြမ်းဖက်သမားတွေ ဖေါက်ခွဲဖျက်ဆီးသွားခဲ့သလိုမျိုး မြန်မာနိုင်ငံမှာ မဖြစ်နိုင် အောင်ဆောင်ရွက်ရမှာပါ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကနေ ကာကွယ်ရေးအတွက် အတွေ့အကြုံလိုပါတယ်၊ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သုံးလေးနှစ်က အကြမ်းဖက်ဗုံးခွဲမှုတချို့ ဖြစ်ပွားခဲ့ပေမဲ့၊ အဲဒါတွေက ပြည်တွင်းသောင်းကျန်းသူအဖွဲ့တွေရဲ့လက်ချက်သာဖြစ်ပါတယ်၊ ဒါကြောင့် တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေ၊ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံတွေက အတွေ့အကြုံတွေကို လေ့လာနေပါတယ် လို့ ပြောဆိုခဲ့တာပါ။

အခုလတ်တလောမှာတော့ ရန်ကုန်မြို့က လူစည်ကားရာ လမ်းတွေမှာ ရဲတပ်ဖွဲ့ ကင်းလှည့်တာမျိုး မမြင်ရ သလောက်ရှိနေပြီး၊ လူအများနဲ့ ပတ်သက်တဲ့နေရာတွေမှာလည်း လုံခြုံရေး ကင်မရာတွေ မရှိဘူးလို့ သတင်းမှာဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org