မြန်မာ့အရေး တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

2021.07.05
မြန်မာ့အရေး တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ။
Photo: .fmprc.gov.cn

မြန်မာနိုင်ငံရဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးမှုနဲ့ နိုင်ငံရေးဆိုင်ရာ ရင်ကြားစေ့မှုကို မြှင့်တင်ပေးရမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံမှာ ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်တဲ့ (၉) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်မှာ ပြောခဲ့တာပါ။

မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ပတ်သက်ပြီး အဆင်ပြေချောမွေ့စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးဆိုတဲ့ အာဆီယံရဲ့ နည်းလမ်းကို ထောက်ခံတယ်လို့လည်း ဆိုပါတယ်။

မြန်မာ့အရေးဟာ ပြည်တွင်းရေးဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဥပဒေမူဘောင်အတွင်းကနေ ဆွေးနွေးမှုကတဆင့် ဖြေရှင်းပြီး အကြမ်းဖက် ဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားအောင် ရှောင်ကြဉ်ဖို့နဲ့ နိုင်ငံနဲ့ လူနေမှုအဖွဲ့အစည်း တည်ငြိမ်မှုကို အမြန်ပြန်လည်ဖော်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို မြှင့်တင်ပေးခြင်းအားဖြင့် စေ့စပ်ညှိနှိုင်းမှုကို အားကောင်းစေမှာဖြစ်ကြောင်း ပြောခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ကိုဗစ်- ၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးမှာ ကူညီဖို့နဲ့ စီးပွားရေး အထောက်အပံ့တွေပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။