မြန်မာနိုင်ငံရဲ့ဆုံးဖြတ်ချက် မလေးရှားဝန်ကြီးချုပ် သတိပေး

အာရှဒေသမှာ လူကုန်ကူးမှုပြဿနာကြီး တစ်ရပ်အဖြစ် ဦးတည်လာနေတဲ့ လှေစီး ဒုက္ခသည်တွေအရေးနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိပေမယ့်၊ အဲ့ဒီဆုံးဖြတ်ချက်ကြောင့် ဒေသတွင်းက တခြားနိုင်ငံတွေ အပေါ် မထိခိုက်သင့်ဘူးလို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်က သတိပေးပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေလ ၂၉ ရက်နေ့ကကျင်းပခဲ့တဲ့ ရွှေ့ပြောင်းသူတွေ အရေး နိုင်ငံတကာဆွေးနွေးပွဲကို တွေ့ရစဉ် Photo:Pimuk/ RFA

အာရှဒေသမှာ လူကုန်ကူးမှုပြဿနာကြီးတစ်ရပ်အဖြစ် ဦးတည်လာနေတဲ့ လှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိပေမယ့်၊ အဲ့ဒီဆုံးဖြတ်ချက်ကြောင့် ဒေသတွင်းက တခြားနိုင်ငံတွေအပေါ် မထိခိုက်သင့်ဘူးလို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်က သတိပေးပြောကြား လိုက်ပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည် ပြဿနာနဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံအချင်းချင်းအကြား ချစ်ကြည် ရင်းနှီးမှု မထိခိုက်စေတဲ့ အဖြေတစ်ခုရရှိအောင် ကြိုးပမ်းနေကြကြောင်း၊ အာဆီယံရဲ့ မူဝါဒအရ တခြား အာဆီယံနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးဆိုတာ မိမိတို့ နားလည်ကြောင်း ၊ မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်ပိုင်ခွင့်ရှိတာမှန်ပေမယ့်၊ အဲ့ဒီဆုံးဖြတ်ချက်တွေကြောင့် အိမ်နီးချင်းပတ်ဝန်းကျင်နိုင်ငံတွေမှာ ပြဿနာတွေ၊ အသက်ဆုံးရှုံးမှုတွေ မပေါ်ပေါက်စေသင့်ကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ်က သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့တာပါ။

မလေးရှားအစိုးရဟာ ထိုင်းနဲ့ မလေးရှားနယ်စပ်အနီး တောအုပ်ထဲက လူမှောင်ခိုစခန်း ၂၈ ခုအနားမှာ လူ ၁၃၉ ဦး မြှုပ်နှံထားတဲ့နေရာတွေကို ဖော်ထုတ်တွေ့ရှိထားပြီး၊ အဲ့ဒီအမှုနဲ့ ပတ်သက်ဆက်နွယ်ကြောင်း သံသယရှိတဲ့ မလေးရှားရဲအရာရှိ ၁၂ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org