မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံ ပါဝင်နေဆဲ
အမေရိကန် နိုင်ငံခြားရေးဌာနက ၂ဝ၁၃ ခုနှစ်အတွက် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၂၂ ခုကို ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အဓိကထုတ်လုပ် ကူးသန်းရောင်းဝယ်နေတဲ့ နိုင်ငံတွေအဖြစ် ဖေါ်ပြထားပါတယ်။
-
2013-03-12 -
-
-
Your browser doesn’t support HTML5 audio
အမေရိကန် နိုင်ငံခြားရေးဌာနက ၂ဝ၁၃ ခုနှစ်အတွက် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၂၂ ခုကို ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အဓိကထုတ်လုပ် ကူးသန်းရောင်းဝယ်နေ တဲ့ နိုင်ငံတွေအဖြစ် ဖေါ်ပြထားပါတယ်။
တဆက်တည်းမှာပဲ အဲဒီ ၂၂ နိုင်ငံထဲက မြန်မာ၊ ဘိုလီဗီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ပေမယ့် ဒီနိုင်ငံတွေရဲ့ မူးယစ်ပပျောက်ရေးလုပ်ငန်းတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားအတွက် အရေးကြီးတာကြောင့် လက်ရှိပူးတွဲလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ဆက်လက်ကူညီပံ့ပိုးမယ်လို့ ဆိုပါတယ်။
ဘိန်း၊ ဘိန်းဖြူနဲ့ စိတ်ကြွဆေးဝါးတွေကို ထိုင်းနဲ့ လာအိုနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်းဆက်စပ်ရာ မြန်မာပြည်တွင်းဒေသတွေမှာ အဓိကထုတ်လုပ်နေတာဖြစ်ပြီး ထုတ်လုပ်မှုပမာဏ ဆက်တိုက်တိုးလာနေတာ ၆ နှစ်ရှိပြီဖြစ်ကြောင်း၊ မြန်မာအစိုးရဟာ အဲဒီဒေသတွေကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အဆင်ပြေလိုတဲ့အတွက် အပြန်အလှန်အားဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်နေကြတာကို ဥပက္ခာပြုထားကြောင်း စသဖြင့် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အပြည့်အစုံကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။