မြန်မာ့ပညာရေး ပြောင်းလဲမှု စိတ်ရှည်ဖို့လိုအပ်
မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်း လဲမှုတွေဆောင်ရွက်ရာမှာ စိတ်ရှည် သည်းခံရေးဟာ အဓိကစိန်ခေါ်ချက်ဖြစ် တယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပညာရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်က ပညာရေး ပြုပြင်ပြောင်းလဲရေးဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
-
2014-08-04 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲ မှုတွေဆောင်ရွက် ရာမှာ စိတ်ရှည်သည်းခံရေးဟာ အဓိကစိန်ခေါ်ချက် ဖြစ် တယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပညာရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်က ပညာရေး ပြုပြင်ပြောင်းလဲရေးဆွေးနွေး ပွဲမှာ ပြောကြား ခဲ့ပါတယ်။
ကုန်သည်စက်မူ အသင်းချုပ် UMFCCI မှာ စနေနေ့က ကျင်းပခဲ့တဲ့ ပညာရေးနဲ့ နိုင်ငံပြုပြင်ပြောင်းလဲ မှုဆွေးနွေး ပွဲမှာပြောကြားခဲ့တာပါ။
ပြည်သူတွေမှာ ပြုပြင်ပြောင်းလဲမှုတွေကို အမြန်ဆုံး အကောင်အထည်ဖေါ်လိုတဲ့ ဆန္ဒရှိနေကြတာဖြစ်ပေမဲ့ အလျင်စလိုဆောင်ရွက်ရင် အမှား အယွင်းတွေ ဖြစ်ပေါ် နိုင်တာကြောင့်၊ စိတ်ရှည်သည်း ခံရေးကို အဓိကစိန်ခေါ် ချက်အဖြစ် ဒေါက် တာ ဒေါ်ရင်ရင်နွယ်က ထောက်ပြ သွားခဲ့တာပါ။
"ပြည်သူလူထု စိတ်လောတာလည်း ကျမနားလည်ပါတယ်၊ ဒီစနစ်အသစ်ကို လိုချင်လှပြီပေါ့လေ၊ ဒါပေမဲ့ တချို့အချက်တွေကျတော့လည်း ချက်ချင်းပြောင်းဖို့ကမလွယ်ဘူး၊ ဥပမာအားဖြင့် ပြောရမယ် ဆိုရင် ဒီဂရီကောလိပ်ကျောင်းတွေဟာ အားလုံးပေါင်း ၁၆၉ ကျောင်းရှိပါတယ်၊ ဒါကနိုင်ငံ ပိုင်ကျောင်းတွေ ဒီဟာတွေကို ချက်ချင်းကြီးကို ဗဟိုဦးစီးချုပ်ကိုင်မှု လွှတ်လိုက်ရင်တော့ အားလုံးဒုက္ခရောက်ကုန်မယ် လို့မြင်တယ်၊ အဲ့ဒီတော့ အသွင်ကူးပြောင်ရေး ကာလတစ်ခုထားရပါမယ်၊ ကလေးတွေမနစ်နာအောင် ဒီစပ်ကူးမတ်ကူး အချိန်မှာရှိနေတဲ့ကလေးတွေ မနစ်နာအောင် သင်ရိုးညွှန်းတမ်းတွေ တဖြည်းဖြည်းလုပ်ရ မှာပေါ့လေ"
ဆွေးနွေးပွဲတက်ရောက်လာသူတွေကလည်း မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုတွေမှာ ရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်ချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသလို၊ မြန်မာနိုင်ငံ လုူသားရင်းမြစ် ဖွံ့ဖြိုးရေးအတွက် ပညာရေးပြုပြင်ပြောင်းလဲမှှုတွေ လိုအပ်ကြောင်း နိုင်ငံတကာနဲ့ယှဉ်ပြီး ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဘာသာစကား သင်ကြားရေးနဲ့ပတ်သက်ပြီး ဘယ်ဒေသမှာ ဘယ်ဘာသာစကားနဲ့ သင်ကြားမလဲဆိုတာ ဒေသခံတိုင်းရင်းသားအချင်းချင်း အဓိက ညှိနှိုင်းကြရ မှာဖြစ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဒေါက်တာဒေါ်ရင်ရင်နွယ်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။