မြန်မာနဲ့ ဥရောပ နိုင်ငံရေးနဲ့ စီးပွားရေး ထိပ်တန်းဆွေးနွေးပွဲ ကျင်းပ

မြန်မာနဲ့ ဥရောပသမဂ္ဂ ထိပ်တန်းအရာရှိတွေအကြား ပထမဆုံးအကြိမ်ဆွေးနွေးပွဲကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေနဲ့ မြန်မာပြည် ငြိမ်းချမ်းရေး အတွက် EU က ပါဝင်ဆောင်ရွက်နိုင်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနဲ့ ဥရောပသမဂ္ဂ ထိပ်တန်းအရာရှိတွေ ပထမဆုံးအကြိမ်ဆွေးနွေးပွဲကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ၂၀၁၉ မေ ၁၇ ရက်နေ့ကပြုလုပ်စဉ် Photo: Kristian Schmidt's twitter

မြန်မာနဲ့ ဥရောပသမဂ္ဂ ထိပ်တန်းအရာရှိတွေအကြား ပထမဆုံးအကြိမ်ဆွေးနွေးပွဲကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင် ရွက်နိုင်မယ့် နည်းလမ်းတွေနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် EU က ပါဝင်ဆောင်ရွက်နိုင်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီလို ဆွေးနွေးရာမှာ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေက နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေရဲ့ ပြဿနာ၊ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေကို အရေးယူရေး၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး၊ အလုပ်သမားအခွင့်အရေးနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေကို ထည့်သွင်းပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ မြန်မာအစိုးရရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင် ကြားစေ့ရေးြကြိုးပမ်းမှုတွေကို ခိုင်ခိုင်မာမာ ဆက်လက်ထောက်ခံ ကူညီမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို EU ကလက်ရှိခွင့်ပြုထားတဲ့ ပို့ကုန်တွေအပေါ် အခွန်ကင်းလွတ်ခွင့်နဲ့ လူ့အခွင့်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ဆက်လက်ပြီး ပုံမှန်ကျင်းပကြဖို့လည်း နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြ တယ်လို့ ဆိုပါတယ်။

မနေ့က ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂ EU က ၂ဝ၁၄-၂ဝ၂ဝ ခုနှစ် ကာလအတွင်း ဥရောပ ယူရိုငွေ ၆၃၈ သန်း ထောက်ပံ့ဖို့ ကတိပြုထားတဲ့အတိုင်း ဆက်လက်ကူညီနေတဲ့အတွက် ကျေးဇူးတင် ရှိကြောင်း မြန်မာ ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီ ဆွေးနွေးပွဲကို မြန်မာာအစိုးရဘက်က နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနဲ့ EU ဥရောပ သမဂ္ဂဘက်က အာရှ နဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်ညွန်ကြားရေးမှူး Gunner Wiegand ဂန်းနာ ဝီးဂန် တို့ ဦးဆောင်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org