မဲဆောက်မှာ မြန်မာမိသားစု လေးဦး အသတ်ခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အသက် ၄ လနဲ့ ၄ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် မြန်မာ အလုပ်သမားမိသားစု ၄ ယောက် ဒီနေ့မနက်က အသတ်ခံရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာလူမှုရေးအဖွဲ့တစ်ခုဖြစ်တဲ့ SAW အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်အေးအေးမာက ပြောပါတယ်။

မြန်မာအလုပ်သမားမိသားစု ၄ ယောက် အသတ်ခံရတဲ့ နေအိမ်ကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ် Photo: Social Action for Children and Women - SAW

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အသက် ၄ လနဲ့ ၄ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် မြန်မာအလုပ်သမားမိသားစု ၄ ယောက် ဒီနေ့မနက်က အသတ်ခံရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာလူမှုရေးအဖွဲ့တစ်ခုဖြစ်တဲ့ SAW အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်အေးအေးမာက ပြောပါတယ်။

မဲဆောက်မြို့ မဲသောင်ရပ်ကွက် ထစိုင်လွတ်ကျေးရွာထဲက မြန်မာအလုပ်သမားတွေ အများစုနေထိုင်တဲ့ အလုပ်သမားလိုင်းခန်းမှာ အသတ်ခံရတာဖြစ်ပြီး မိဘတွေနဲ့အတူ ကလေး ၂ ယောက်ပါ အသတ်ခံရတာလို့ သိရပါတယ်။

အသတ်ခံရတဲ့ မြန်မာအလုပ်သမားမိသားစုနဲ့ တခြားမြန်မာမိသားစုတို့အကြား စကားများ ရန်ဖြစ်ကြတဲ့အသံတွေကို ကြားခဲ့ရတဲ့အကြောင်း ပတ်ဝန်းကျင်နေထိုင်သူတွေက ပြောကြတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံက စိုက်ပျိုးရေးရာသီကာလမှာ မြန်မာအလုပ်သမားတွေက သွားရောက်အလုပ်လုပ်ကြတာဖြစ်ပြီး အခုအသတ်ခံရတဲ့ မိသားစုတွေက မြန်မာနိုင်ငံ ဘယ်ဒေသကလာတယ်ဆိုတာကို မသိကြရသေးဘူးလို့ ပြောပါတယ်။

သတ်ပြီးထွက်ပြေးသွားတဲ့သူတွေကို ဖမ်းဖို့အတွက် ထိုင်းရဲတပ်ဖွဲ့က ထိုင်း-မြန်မာ နယ်စပ်တလျှောက်က စစ်ဆေးရေးဂိတ်တွေမှာ ပိတ်ဆို့ရှာဖွေနေတယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org