ကျွန်ဘဝမှ လွတ်လာသူ လူငယ် မြန်မာပြည် ပြန်ခွင့်မရ

နိုင်ငံသား အထောက်အထားမပြနိုင် သူ မြန်မာဆိုသူ လူငယ်တစ်ဦး ဟာ နှစ်ပေါင်းများစွာ ကျွန်ပြုခိုင်းစေခံရတဲ့ သင်္ဘောပေါ်ကနေ လွတ်လာခဲ့ပေမယ့်မြန်မာနိုင်ငံ ကို ပြန်ခွင့်မရကြောင်း AP သတင်းတရပ်မှာ ဖေါ်ပြထား ပါတယ်။

နိုင်ငံသား အထောက်အထား မပြနိုင်သူ မြန်မာဆိုသူ လူငယ်တစ်ဦးဟာ နှစ်ပေါင်းများစွာ ကျွန်ပြုခိုင်းစေခံရတဲ့ သင်္ဘောပေါ်ကနေ လွတ်လာခဲ့ပေမယ့်မြန်မာနိုင်ငံ ကို ပြန်ခွင့်မရကြောင်း AP သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။

သ့ူကိုယ်သူ မြန်မာနိုင်ငံသားလို့ ထင်မှတ်နေတဲ့ အသက် ၁၈ နှစ်အရွယ် အဲဒီလူငယ်ဟာ အင်ဒိုနီးရှားနိုင်ငံက ငါးဖမ်းလှေတွေမှာ ကျွန်အဖြစ်အလုပ်လုပ်နေရပြီး အခုလွတ်မြောက်လာချိန်မှာ အထောက်အထား မပြနိုင်တာကြောင့် မြန်မာသံရုံးက ပြည်တော်ပြန်ခွင့်မပေးခဲ့ဘူးလို့သိရပါတယ်။

သူ့ကိုယ်သူ မြန်မာနိုင်ငံသားလို့ထင်မှတ်နေပြီး မြန်မာစကားလည်း ပြောနိုင်ကြောင်း ဒါပေမဲ့ အထောက်အထား ဘာတစ်ခုမှမရှိဘူးလို့ဆိုပါတယ်။  ဒီလူငယ်ဟာ အသက် ၁၂ နှစ်သားမှာ မိဘတွေက စွန့်ပစ်သွားတာကြောင့် ထိုင်းနိုင်ငံ ရနောင်းမြို့မှာ တောင်းရမ်း စားသောက်နေထိုင်ခဲ့တာဖြစ်ပါတယ်။  နောက်ပိုင်းမှာ ငါးဖမ်း သင်္ဘောတွေပေါ် ရောက်ခဲ့တာပါ။

သူ့အနေနဲ့မြန်မာနိုင်ငံကို ပြန်ခွင့်မရသလို ထိုင်းနိုင်ငံကိုလည်း ပြန်ခွင့်မရဘူးလို့ သိရပါတယ်။ သူအနေနဲ့ အင်ဒိုနီးရှားမှာ မနေလိုကြောင်း သတင်းထောက် ကိုပြောပြခဲ့ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org