ပြည်ပရောက် မြန်မာအများ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိနေ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကြား နားလည် မှုလွဲမှားတာတွေကြောင့် ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ရွေးကောက်ပွဲမှာ မဲပေးခွင့် ဆုံးရှုံးတာတွေ ရှိနိုင်တယ်လို့ နိုင်ငံခြားရောက် မြန်မာတွေက ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကြား နားလည်မှုလွဲမှားတာတွေကြောင့် ပြည် ပရောက်မြန်မာနိုင်ငံသားတွေ ရွေးကောက်ပွဲမှာ မဲပေးခွင့် ဆုံးရှုံးတာတွေ ရှိနိုင်တယ်လို့ နိုင်ငံခြားရောက် မြန်မာတွေ က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား ၂သန်း ကျော် ရှိတဲ့အနက်၊ သံရုံးတွေမှာ မဲပေးဖို့ လာရောက်အဆိုတင်သူ တစ်သောင်းရှစ်ထောင်ပဲရှိတယ်လို့ စက်တင်ဘာ လ ၁ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

အခုလိုဖြစ်ရတာဟာ မဲပေးဖို့ အဆိုပြုလွှာတင်မယ့်သူတွေကို ကန့်သတ်ချက်တွေ၊ ဥပဒေတွေ အမျိုးမျိုးထုတ်ပြန်ထား လို့ ဖြစ်တယ်လို့ ပြည်ပရာက်မြန်မာတွေက ပြောပါတယ်။

စင်္ကာပုူမှာ မဲပေးချင်သူတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ မသန္တာက အခုလိုပြောပါတယ်။

"ပြဿနာကဘာလဲဆိုတော့ ရွေးကောက်ပွဲကော်မရှင်ကလည်း သူတို့ရဲ့ဥပဒေကို သေသေချာချာ မသိဘူး၊ နိုင်ငံခြားသံရုံးတွေကလည်း နည်းဥပဒေတွေကို နားမလည်သေးဘူး၊ နားလည်အောင် ကြိုးစားနေရတဲ့ အခြေအနေမှာရှိတယ်"

အခုလိုဆောင်ရွက်တာတွေကြောင့် စင်္ကာပူမှာ မြန်မာနိုင်ငံသား တစ်သိန်းဝန်းကျင်ရှိပေမဲ့၊ မဲပေးဖို့ အဆိုတင်နိုင်သူ ၈၀၀၀ ခန့်သာ ရှိတယ်လို့ ဆိုပါတယ်။ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ကို လွန်ခဲ့တဲ့ ၃ပတ်ခန့်က စာပေးပို့ထားပြီးဖြစ်ပေမဲ့ တစ်စုံတရာတုန့်ပြန်ချက်မရှိသေးဘူးလို့ ဆိုပါတယ်။

အလားတူ မြန်မာနိုင်ငံသားအများအပြားရှိနေတဲ့ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေမှာလည်း မဲပေးဖို့အဆိုပြုလွှာတင်ပြသူ အလွန်နည်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံအရပ်ရပ်ကို ရောက်ရှိနေကြတဲ့ မြန်မာသင်္ဘောသားတွေ မဲပေးခွင့်နဲ့ပတ်သက်လို့ သေသေချာချာ စီစဉ်ပေးတာမျိုး မရှိတာကြောင့် သောင်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိနေတယ်လို့ သိရပါတယ်။

စင်္ကာပုူမှာ မဲပေးချင်သူတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ မသန္တာကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org