မြန်မာကိုလေယာဉ်ဆီတင်ပို့ရာမှာ မကူညီဖို့ ဗြိတိန်ကုမ္ပဏီတွေကို Burma Campaign တောင်းဆို

အာမခံမရှိရင် သင်္ဘောတွေအနေနဲ့ မြန်မာပြည်ကို လေယာဉ်ဆီ မတင်ပို့နိုင်ဘူးလို့လည်း Mark Farmaner က ပြောဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က လေတပ်ဖွဲ့စည်းတည်ထောင်မှု (၇၅) နှစ်မြောက်အခမ်းအနား တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ Myanmar Military

မြန်မာပြည်ကို လေယာဉ်ဆီတင်ပို့နိုင်အောင် အာမခံရောင်းချပေးနေတာတွေ ရပ်ဖို့ ဗြိတိန်အာမခံကုမ္ပဏီ ၅ ခုကို မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်တဲ့ Burma Campaign UK က ကြာသပတေးနေ့က တောင်းဆိုလိုက်ပါတယ်။

ဗြိတိန်အာမခံကုမ္ပဏီ ၅ ခုကတော့ - UK P&I, Steamship Mutual, Britannia P&I, North Standard, Shipowners Club တို့ ဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေက မြန်မာပြည်ကို လေယာဉ်ဆီတင်ပို့နိုင်အောင် သင်္ဘောတွေကို အာမခံရောင်းချတဲ့ကုမ္ပဏီတွေ ဖြစ်ပါတယ်။
မြန်မာပြည်ကို လေယာဉ်ဆီတင်ပို့မှုမှာ ပတ်သက်နေတဲ့ ကုမ္ပဏီမှန်သမျှ - စစ်ကောင်စီကနေ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နိုင်အောင် ပံ့ပိုးသလိုဖြစ်နေတယ်လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောဆိုခဲ့တာပါ။

အာမခံမရှိရင် သင်္ဘောတွေအနေနဲ့ မြန်မာပြည်ကို လေယာဉ်ဆီ မတင်ပို့နိုင်ဘူးလို့လည်း Mark Farmaner က ပြောဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းတဲ့အနေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို တိုးပြီးလုပ်ဆောင်နေပြီး အထူးသဖြင့် ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ နေအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ ဒုက္ခသည်စခန်းတွေ အပါအဝင် အရပ်သားပစ်မှတ်တွေကို တမင်တကာ ရွေးပြီး လေကြောင်း တိုက်ခိုက်နေတာလို့ Burma Campaign UK ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေး ၄ဝ အပါအဝင် စုစုပေါင်း ၁၇ဝ လောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org