မြန်မာနိုင်ငံ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေ တိုးတက်

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အဆင့် ၁၅၁ ရှိရာကနေ ဒီနှစ် အဆင့် ၁၄၅ ဖြစ်လာကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၁၄ ခုနှစ်အတွက်ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်စာရင်းအရ သိရပါတယ်။

ဧပြီလ ၁ ရက်နေ့က စတင်ထုတ်ဝေတဲ့ ပုဂ္ဂလိက သတင်းစာတွေထဲက စံတော်ချိန်နဲ့ ပြည်ထောင်စု နေ့စဉ် သတင်းစာတွေကို တွေ့ရစဉ် photo: RFA/ Nay Myo Htun

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အဆင့် ၁၅၁ ရှိရာကနေ ဒီနှစ် အဆင့် ၁၄၅ ဖြစ်လာကြောင်း နယ်စည်းမခြား သတင်းထောက် များအဖွဲ့က ၂၀၁၄ ခုနှစ်အတွက်ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်စာရင်းအရ သိရပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်အဆင့် သတ်မှတ်ချက်ညွှန်းကိန်း မှာ ဖေါ်ပြထားတာပါ။

အခုလို စာနယ်ဇင်းလွတ်လပ်ခွင့် အဆင့် ၁၄ ဆင့် တက်လာတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက RFA ကို အခုလိုပြောပါတယ်။

“၂ဝ၁၂ မှာ စာပေးစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီးတော့ လွတ်လွတ်လပ်လပ် ရေးသားခွင့်ပေးလိုက် တယ်၊ အဲဒါနံပါတ် ၁ အချက်၊ ၂ အချက်က ၂ဝ၁၃ ဧပြီ၊ မေ လောက်ကစပြီး ပုဂ္ဂလိက သတင်းစာတွေ ကို ထုတ်ဝေခွင့်ပေးလိုက်တယ်၊ တိုင်းပြည်မှာ ထုတ်ဝေနေတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ လစဉ်ထုတ် မဂ္ဂဇင်းတွေမှာ အစိုးရကို၎င်း၊ လွှတ်တော်ကိုသော်၎င်း တိုင်းပြည်ရဲ့ နိုင်ငံရေးရာကိစ္စတွေမှာ အဓိကဆောင်ရွက်နေတဲ့ နို်င်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေကို လွတ်လွတ် လပ်လပ် ဖော်ပြခွင့်ရတယ်”

မြန်မာနိုင်ငံဟာ စာနယ်ဇင်းလွတ်လပ်ခွင့် ၁၄ ဆင့် တက်လာပေမဲ့လည်း ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာ တင်သွင်းထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်ထားတဲ့အချက်တွေ ပါရှိနေကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ အစီအရင်ခံစာမှာ ဖေါ်ပြခဲ့ပါတယ်။

၂၀၁၄ ခုနှစ်အတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ညွှန်းကိန်းတွေအရ ဖင်လန်၊ နယ်သာလန်နဲ့ နော်ဝေးနိုင်ငံတွေက စာနယ်ဇင်းလွတ်လပ်ခွင့် အကောင်းဆုံးနိုင်ငံတွေဖြစ်ပြီး အယ်ရီဒယီးယားစ်နိုင်ငံ၊ မြောက်ကိုရီးယား၊ တာမန်နစ်စတန်(စ်)နဲ့ ဆီရီးယားနိုင်ငံတွေကတော့ စာနယ်ဇင်းလွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံတွေဖြစ်ပါတယ်။

ဒီအစီရင်ခံစာအပေါ် သတင်းစာဆရာတွေရဲ့အမြင်တွေကို RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org