မြန်မာသံတော်ဆင့် အယ်ဒီတာချုပ် ကို ခေါ်ယူစစ်ဆေး

မြန်မာသံတော်ဆင့် အပတ်စဉ်ထုတ်ဂျာနယ် ရဲ့ ငွေကြေးလည်ပတ်မှုကို အထူးသတင်း တပ်ဖွဲ့က ဒီနေ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

မြန်မာ သံတော်ဆင့် အပတ်စဉ်ဂျာနယ်ပုံ Photo: myanmar hearld website

မြန်မာသံတော်ဆင့် အပတ်စဉ်ထုတ်ဂျာနယ်ရဲ့ ငွေကြေး လည်ပတ်မှုကို အထူးသတင်းတပ်ဖွဲ့က ဒီနေ့ ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။

မြန်မာသံတော်ဆင့် အယ်ဒီတာချုပ်က မရမ်းကုန်းမြို့ နယ် အောင်သပြေ ရဲရိပ်သာ အထူးသတင်းတပ်ဖွဲ့ဆီမှာ သွားရောက်စစ်ဆေးခံခဲ့ကြောင်း အယ်ဒီတာချုပ်နဲ့အတူ လိုက်ပါသွားတဲ့ တာဝန်ခံအယ်ဒီတာ ကိုအောင်ကိုကို က ပြောပါတယ်။

"အရင်တုန်းက ဂျာနယ်တွေအကုန်လုံး ခေါ်မေးတဲ့ပုံစံမျိုးပါပဲ၊ ဟိုတုန်းကတော့ ဒုတိယ အယ်ဒီတာချုပ်ရယ် ကျနော်ရယ်ပဲ သွားဖြေတယ်၊ အခုကတော့ သီးသန့်အယ်ဒီတာချုပ်ကို တွေ့ချင်လို့ ဒါနဲ့ဖိတ်လို့ ကျနော်တို့ သွားတာ အယ်ဒီတာချုပ်တစ်ယောက်တည်းကိုပဲ သီးသန့်ခေါ်ပြီးတော့မေးမြန်းတာ ဒါဘယ်နှစ်ရက်မှာ စထုတ်တယ်၊ စောင်ရေဘယ်လောက်ကစတယ်၊ ဘယ်သူ့အထောက်အပံ့နဲ့လဲ ဒါတွေပါပဲ၊ ကျနော်တို့ဆီ ကလည်း ရှင်းပါတယ်၊ ကျနော်တို့ ဘယ်သူ့အထောက်အပံ့မှ ယူပြီးလုပ်တဲ့ ဂျာနယ်မဟုတ်တော့လေ"

ပြီးခဲ့တဲ့ ဇွန်လ ၂၂ရက်နေ့က ပထမအကြိမ်အဖြစ် ကျောက်တံတားမြို့နယ် အထူးသတင်းတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာသံတော်ဆင့်အပြင် The Voice Weekly၊ ပေါ်ပြူလာ၊ မြန်မာပိုစ့် စတဲ့ ဂျာနယ်တွေကိုပါ အထူးသတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org