စင်္ကာပူရောက် မြန်မာ အိမ်ဖော်တွေကို ကာကွယ်ရေး

စင်္ကာပူရောက် မြန်မာအိမ်ဖော်တွေ အပေါ်ကာ ကွယ်စောင့်ရှောက်မှုတွေ ပိုမိုရရှိရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ဖို့ မြန်မာဘက်က လိုလားနေကြောင်း Channel News Asia သတင်း က ဖေါ်ပြပါတယ်။

စင်္ကာပူ ဈေးရုံတစ်ခုတွင် မြန်မာအိမ်ဖော်တွေကို လျော့ဈေးဖြင့် ရနိုင်ကြောင်း ကြေငြာထားစဉ် Photo: Nicolas Axelrod

စင်္ကာပူရောက် မြန်မာအိမ်ဖော်တွေ အပေါ်ကာ ကွယ်စောင့်ရှောက်မှုတွေ ပိုမိုရရှိရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ဖို့ မြန်မာဘက်က လိုလားနေကြောင်း Channel News Asia သတင်း က ဖေါ်ပြပါတယ်။

မြန်မာ့ နိုင်ငံရပ်ခြားအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများ အဖွဲ့ MOEAF က စင်္ကာပူ အလုပ်အကိုင် အေဂျင်စီများ အသင်းနဲ့ တစ်လ နှစ်လအတွင်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ MOEAF ဟာ ဟောင်ကောင်က အလုပ်အကိုင်ဆိုင်ရာ အသင်းတစ်ခု နဲ့ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း သိရပါတယ်။ စင်္ကာပူမှာ မြန်မာအိမ်ဖော် သုံးသောင်းကျော် ရှိမယ်လို့ခန့်မှန်းထားပါတယ်။ဒါပေမဲ့ အများစုက မြန်မာ အစိုးရရဲ့ တရားဝင် အသိအမှတ်ပြု အထောက် အထားတွေ မရှိကြပါဘူး။

အဲ့ဒါကြောင့် အလုပ်ရှင်ဘက်က မတော်မတရား ပြုမူခံရရင်၊ လုပ်ခလစာ လျှော့ပေါ့ ဖြတ်တောက်ခံရရင် အကူအညီတောင်းခံဖို့ အခက်အခဲရှိနေပါတယ်။ စင်္ကာပူမှာ အိမ်ဖော်လုပ်ခ တစ်လ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၆၀ လောက်ရရှိတယ်လို့ သိရပါတယ်။ တချိန်တည်းမှာလည်း တချို့နေရာတွေမှာ အိမ်ရှင်တွေရဲ့ မတရားခိုင်းစေတာတွေ၊ အနိုင်ကျင့်တာတွေ စတဲ့ ပြဿနာတွေလည်း ရှိနေတယ်လို့ Channel News Asia သတင်းက ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org