မြန်မာကို ICC ပို့ဖို့ အာဆီယံအမတ်တွေ ကြေညာချက်ထုတ်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေအပေါ် ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကိုပို့ဖို့ အာဆီယံ လွှတ်တော်အမတ်တွေက ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ခြံစည်းရိုးနားမှာ တဲထိုးပြီးနေနေတဲ့ မွတ်စလင်တွေကို တွေ့ရစဉ်

မန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေအပေါ် ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မြန်မာ အာဏာပိုင်တွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကိုပို့ဖို့ အာဆီယံ လွှတ်တော်အမတ်တွေက ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ အမတ် ၂၂ ဦးအပါအဝင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ တီမောနိုင်ငံတွေက လွှတ်တော်အမတ်တွေ စုစုပေါင်း ၁၃၂ ဦးက ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတဆင့် ICC ကို ပို့ပေးဖို့လည်း ကြေညာချက်မှာ ပါဝင်ပါတယ်။

မနက်ဖြန် သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးရဲကင်းစခန်းတွေ ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ တနှစ်ပြည့်ပြီဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org