တရားမဝင် မြန်မာလုပ်သား အများအပြား ထိုင်းမှာ အဖမ်းခံနေရ
ထိုင်းနိုင်ငံထဲကို အလုပ်ရှာဖွေဖို့ တရားမဝင် လမ်းကြောင်းကနေ ဝင်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အခုရက်ပိုင်း နေ့စဉ် အစုလိုက် အပြုံလိုက် ဖမ်းဆီးခံနေရပါတယ်။ လေးရက်အတွင်း လူ ၅၀၀ လောက် ဖမ်းဆီးခံခဲ့ရပါတယ်။ မေလ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၁၃ ယောက်နဲ့ လူကုန်ကူး လူပွဲစား ၁၄ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
- 2022-05-18
-
-
-
ထိုင်းနိုင်ငံထဲကို အလုပ်ရှာဖွေဖို့ တရားမဝင် လမ်းကြောင်းကနေ ဝင်လာတဲ့ မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေ အခုရက်ပိုင်း နေ့စဉ် အစုလိုက် အပြုံလိုက် ဖမ်းဆီးခံနေရပါတယ်။ လေးရက်အတွင်း လူ ၅၀၀ လောက် ဖမ်းဆီးခံခဲ့ရပါတယ်။ မေလ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၁၃ ယောက်နဲ့ လူကုန်ကူး လူပွဲစား ၁၄ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
မေလ ၁၇ ရက်နေ့က ချင်းရိုင် ခရိုင် လမ်းဖွန်းမြို့နယ်မှာ ၇၂ ဦး၊ မေလ ၁၄ ရက်နေ့ တာခ့်ခရိုင်၊ ပရကျွတ်ခရီခန်ခရိုင်၊ ချင်းရိုင်ခရိုင်၊ အယုဒရခရိုင်တွေထဲမှာ ၂၉၈ ဦး၊ မေလ ၁၅ ရက်နေ့ ပရကျွတ်ခရီခန်ခရိုင်မှာ ၁၀၃ ဦး၊ မေလ ၁၆ ရက်နေ့ တာခ့်ခရိုင်မှာ ၂၀ ဦး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
“တစ်ဖက်မှာ MOU လုပ်သားတွေ အနည်းအကျဉ်းဝင်တယ်။ အခြားတစ်ဖက်မှာတော့ တရားမဝင် မြန်မာတွေ အလုံးအရင်းတွေ ဝင်တယ်။ ဒီ ၁၄၊ ၁၅ ၊ ၁၆၊ ၁၇ ထိက ၄၉၃ ယောက် အဖမ်းမခံရဘဲ လွတ်သွားတာတွေ ရှိတဲ့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်၊ ဆာမွတ်ဆာခွန်တို့၊ စမွတ်ပရာကန်တို့မှာ အိမ်တံခါးတွေ လိုက်ခေါက်ပြီး ဖမ်းနေရတဲ့ ပုံစံဖြစ်နေတယ်”
မြန်မာလုပ်သားတွေ အများအပြားနေထိုင်လုပ်ကိုင်နေတဲ့ ဆာမွတ်ဆာခွန်ခရိုင် မဟာ ချိုင်မြို့နယ်ထဲ စမွတ်မရာကန်ခရိုင်တွေမှာလည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက တစ်ခန်းဝင် တစ်ခန်းထွက် စစ်ဆေးနေပြီး တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ် လို့ ဦးမိုးကြိုးက ပြောပါတယ်။
မနေ့တုန်းက ချင်းရိုင်ခရိုင် လမ်းဖွန်းမြို့နယ်မှာ ၇၂ ဦး၊ မေလ ၁၄ ရက်နေ့ တာခ့်ခရိုင်၊ ပရကျွတ်ခရီခန်ခရိုင်၊ ချင်းရိုင်ခရိုင်၊ အယုဒရခရိုင်တွေထဲမှာ၂၉၈ ဦး၊ မေလ ၁၅ ရက်နေ့ ပရကျွတ်ခရီခန်ခရိုင်မှာ ၁၀၃ ဦး၊ မေလ ၁၆ ရက်နေ့ တာခ့်ခရိုင်မှာ ၂၀ ဦး ဖမ်းဆီးခံရတာပါ။ ဖမ်းဆီးခံရသူတွေဟာ လူပွဲစားကို ဘတ်ငွေ ၂၃,၀၀၀ ကနေ ၃၀,၀၀၀ ဘတ်ထိ ပေးပြီး ဝင်လာခဲ့ရတာလို့ ဆိုပါတယ်။
ထိုင်းအစိုးရဘက်က နယ်စပ်တံတားတွေ ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေချိန်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလုံးအရင်းနဲ့ ဝင်လာလို့ ဖမ်းဆီးခံနေရတာပါ။ ပြီးခဲ့တဲ့ မေလ ၁၀ ရက် ၁၁ ရက်နေ့တွေမှာ မြဝတီ မဲဆောက် အမှတ် (၂) ချစ်ကြည်ရေး တံတားကနေ နှစ်နိုင်ငံသဘောတူညီမှုနဲ့ မြန်မာလုပ်သား ၅၈၈ ဦး ထိုင်းနိုင်ငံကို ဝင်ခွင့်ရခဲ့ ပါတယ်။