မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကာရံမှု ခြောက်မိုင်နီးပါး ပြီးစီး

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် မိုးရေးမြို့မှာ ခြောက်မိုင်နီးပါး ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးစီမံကိန်း ပြီးမြောက်ခဲ့ပြီလို့ အိန္ဒိယသတင်းတွေမှာ ဇန်နဝါရီ ၂ ရက် ဒီနေ့ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြိုနယ်နှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် နယ်စပ်ခြံစည်းရိုးကို တွေ့ရစဉ်။ Citizen Photo

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် မိုးရေးမြို့မှာ ခြောက်မိုင်နီးပါး ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးစီမံကိန်း ပြီးမြောက်ခဲ့ပြီလို့ အိန္ဒိယသတင်းတွေမှာ ဇန်နဝါရီ ၂ ရက် ဒီနေ့ ဖော်ပြပါတယ်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၀၂၃-၂၀၂၄ နှစ်ချုပ် အစီရင်ခံစာဖော်ပြချက်ကို ကိုးကားပြီး အခုလို ဖော်ပြတာပါ။ ဒီစီမံကိန်းက လုံခြုံရေးမြှင့်တင်ဖို့နဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယ- မြန်မာ နယ်နိမိတ်ဟာ မိုင်တစ်ထောင်ကျော် ရှည်လျားပြီး မဏိပူရ်ပြည်နယ်နဲ့ ၂၄၇ မိုင် ထိစပ်နေပါတယ်။ မဏိပူရ်အစိုးရဟာ လုံခြုံရေးကို အကြောင်းပြပြီး နယ်စပ်စည်းရိုးခတ်ဖို့ အိန္ဒိယဗဟိုအစိုးရကို တိုက်တွန်းခဲ့တာ ဆိုပါတယ်။

မြန်မာနဲ့ ထိစပ်နေတဲ့ ပြည်နယ်လေးခုထဲက မဏိပူရ်နဲ့ အာရန်နာချယ်ပြည်နယ်တို့ကတော့ ခြံစည်းရိုးခတ်မှာကို ထောက်ခံကြပြီး ကျန်တဲ့ နာဂလန်းနဲ့ မီဇိုရမ်ပြည်နယ်တို့ကတော့ ကန့်ကွက်ထားကြပါတယ်။



2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org