မြန်မာ အင်ဒိုနီးရှား ဘောလုံးပွဲ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော် ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် မြန်မာအသင်းနဲ့ အင်ဒိုနီးရှား အသင်းတို့ မနေ့ ညနေ ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘောလုံးပွဲအပြီးမှာ ဘောလုံး ပွဲ ပရိသတ်တချို့နဲ့ လုံခြုံရေး တာဝန်ရှိသူတွေအကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ကကျင်းပခဲ့တဲ့ မြန်မာ - ထိုင်း ဘောလုံးပွဲပြီးနောက် လုံခြုံရေးယူနေသော အဓိကရုဏ်းနှိမ်နင်းရေး ရဲများကို တွေ့ရစဉ် photo: RFA/ Kyaw Zaw Win

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော် ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် မြန်မာအသင်းနဲ့ အင်ဒိုနီးရှား အသင်းတို့ မနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘောလုံးပွဲ အပြီးမှာ ဘောလုံးပွဲ ပရိသတ်တချို့နဲ့ လုံခြုံရေး တာဝန်ရှိသူတွေအကြား ရုန်းရင်းဆန်ခတ် မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မနေ့ညက သုဝဏ္ဏ အားကစားကွင်းမှာ မြန်မာနဲ့ အင်ဒိုနီးရှားတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဘောလုံးပွဲ ယှဉ်ပြိုင်ကစားနေစဉ်အတွင်း ကွင်းရဲ့ မြောက်ဘက် နဲ့ တောင်ဘက်ခြမ်း ပွဲကြည့်စင်တွေက  ထိုင်ခုံတွေ ကိုလည်း ပရိသတ်တချို့က ရိုက်ချိုးဖျက်ဆီးပြီး ကွင်းထဲကို ပစ်ပေါက်ခဲ့ကြပါတယ်။ ဘောလုံးပွဲအပြီးမှာလည်း မြန်မာ အသင်း ရှုံးနိမ့်သွားတဲ့အပေါ် မကျေနပ်တဲ့  ပွဲပြန် ပရိတ်သတ်တချို့က အလံတိုင်တွေ၊ ဆီးဂိမ်းအထိမ်း အမှတ် ဆိုင်းဘုတ်တွေနဲ့ မြန်မာဘောလုံးအသင်း အင်္ကျ ီတွေကို  မီးရှို့ ဖျက်ဆီးခဲ့ကြရာကနေ ပဋိပက္ခစခဲ့တာပါ။

အခြေအနေ ဆိုးရွားလာတာကြောင့် ည ၉ နာရီလောက်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံထိန်းတပ်ဖွဲ့ဝင်  အင်အား တစ်ထောင်လောက်နဲ့ မီးသတ်ကား ၅ စီးရောက်ရှိလာခဲ့ပါတယ်။ ရုန်းရင်းဆန်ခတ်မှုတွေမှာ ပါဝင်တဲ့ လူ ၅ ယောက်လောက် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org