မြန်မာ့အရေး တရုတ်ကွန်မြူနစ်ပါတီ တံခါးပိတ်ဆွေးနွေးခဲ့ကြောင်း The Economic Times ဖော်ပြ

RFA Burmese
2025.01.15
မြန်မာ့အရေး တရုတ်ကွန်မြူနစ်ပါတီ တံခါးပိတ်ဆွေးနွေးခဲ့ကြောင်း The Economic Times ဖော်ပြ တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်းထဲ အဓိကပါဝင်နေသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံရဲ့ အခြေအနေ စိုးရိမ်စရာဖြစ်လာချိန်မှာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိတွေ၊ ပညာရှင်တွေနဲ့ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူတွေ တံခါးပိတ်အစည်းအဝေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ အိန္ဒိယအခြေစိုက် The Economic Times က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးကို တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မကြုံဖူးလောက်အောင် အင်အားချည့်နဲ့လာတာကြောင့် တရုတ်-မြန်မာဆက်ဆံရေးနဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်တဲ့ အခြေအနေမရှိတော့ဘူးလို့ အစည်းအဝေး တက်ရောက်သူတွေက ရှုမြင်သုံးသပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးလို မြို့ကြီးတွေကို စစ်ကောင်စီက ဆက်လက်ထိန်းထားနိုင်ပေမဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေကိုလည်း အလေးပေးဆက်ဆံဖို့ အစည်းအဝေးမှာ အကြုံပြုကြတယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ “အနောက်နိုင်ငံတွေက ကူညီထောက်ပံ့ထား” တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) တွေကိုတော့ ဘေးဖယ်ထားသင့်ကြောင်း အကြံပြုကြတယ်လို့ ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံအခြေအနေဟာ ဆီးရီးယားနိုင်ငံက အပြောင်းအလဲတွေလို ဖြစ်လာနိုင်ခြေနည်းတယ်လို့ အစည်းအဝေးတက်ရောက်သူအများစုက သုံးသပ်ခဲ့ကြတယ်လို့လည်း ဖော်ပြပါတယ်။

ဇန်နဝါရီလ ၁၅ ရက် ဒီနေ့မှာလည်း စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အထိ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။