မြန်မာ့ကျောက်မျက် ဒေါ်လာ ၃ ဘီလျံခွဲကျော်ဖိုး စံချိန်တင်ရောင်းချ

မြန်မာအစိုးရဟာ အခုနောက်ဆုံး အကြိမ် နေပြည်တော်မှာကျင်းပခဲ့ တဲ့ ကျောက်မျက် ကျောက်စိမ်းပြပွဲကနေ အမေရိ ကန်ဒေါ်လာ ၃ ဘီလျံခွဲ စံချိန်တင်ဝင်ငွေ ရရှိခဲ့တယ် လို့ သတ္တုတွင်းဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန် ပါတယ်။

နေပြည်တော်မှာ ဇွန်လ ၂၄ ရက်နေ့က စတင်ပြသ တဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း လာကြည့်စဉ် Photo: Myanmar President Office Website

မြန်မာအစိုးရဟာ အခုနောက်ဆုံးအကြိမ် နေပြည်တော် မှာကျင်းပခဲ့တဲ့ ကျောက်မျက် ကျောက်စိမ်းပြပွဲကနေ အမေရိကန်ဒေါ်လာ ၃ ဘီလျံခွဲ စံချိန်တင်ဝင်ငွေ ရရှိခဲ့တယ်လို့ သတ္တုတွင်းဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၄ ရက်နေ့ကနေ ဇူလိုင်လ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၅၁ ကြိမ်မြောက်ပြပွဲမှာ မျှော်လင့်ထားတာ ထက်ပိုပြီး ကျောက်မျက်၊ ကျောက်စိမ်းနဲ့ ပုလဲ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅၄ ဘီလျံကျော်ဖိုး စံချိန်တင်ရောင်းချနိုင်ခဲ့တယ်လို့ သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောပါတယ်။

မြန်မာအစိုးရဟာ ကျောက်မျက်ရတနာပြပွဲကို တစ်နှစ်မှာ နှစ်ကြိမ်ပြုလုပ်နေပြီး၊ မနှစ်က အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆ ဘီလျံဖိုး ရောင်းချနိုင် ခဲ့တယ်လို့ သိရပါတယ်။

ပြပွဲမှာ ကျောက်မျက်ရတနာ လာရောက်ဝယ်ယူသူအများစုဟာ တရုတ်၊ ဟောင်ကောင်၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေ က ဖြစ်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org