မလေးရှားမှာ မြန်မာတစ်ဦး ထပ်မံသတ်ဖြတ်ခံရ
မလေးရှားနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း နိုင်ငံခြားက တရားမဝင် လာရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားထောင်ပေါင်းများစွာ ဖမ်းဆီးခံနေရစဉ်မှာပဲ ဓားဒဏ်ရာအမြောက်အများနဲ့ သေဆုံးနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ရုပ်အလောင်းကို ကွာလာလမ်ပူမြို့မှာ အင်္ဂါနေ့က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
-
2013-09-05 -
-
-
Your browser doesn’t support HTML5 audio
မလေးရှားနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း နိုင်ငံခြားက တရားမဝင် လာရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားထောင်ပေါင်းများစွာ ဖမ်းဆီးခံနေရစဉ်မှာပဲ ဓားဒဏ်ရာ အမြောက်အများ နဲ့ သေဆုံးနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ရုပ်အလောင်းကို ကွာလာလမ်ပူမြို့မှာ အင်္ဂါနေ့က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီသေဆုံးသူ မည်သူမည်ဝါဆိုတာသိရဖို့အတွက် မြန်မာလူမှုရေးအဖွဲ့တွေက ကြိုးစားနေဆဲဖြစ်ပါတယ်။
မြန်မာလူမှုရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဆန်းဝင်းကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။