အနာကြီးရောဂါ မြန်မာပြည် မှာ ဖြစ်ပွားနေဆဲ

မြန်မာနိုင်ငံဟာ ကုဌနူနာ ခေါ် အနာ ကြီးရောဂါ တိုက်ဖျက်ရေးကို နှစ်ပေါင်း အတော်ကြာ ဆောင်ရွက်ခဲ့ပေမဲ့၊ အခုထိ ကင်းရှင်းပပျောက် မသွားသေးဘဲ၊ တောင်တန်းဒေသတွေ မှာပါ ဝေဒနာရှင်အသစ်တွေ တွေ့ရှိနေရဆဲ ဖြစ်တယ်လို့ AFP သတင်းတစ်ရပ်က ဖေါ်ပြပါတယ်။

အနာကြီးရောဂါသည်တစ်ဦးကို တွေ့ရစဉ် Photo:developmentdiaries.com

မြန်မာနိုင်ငံဟာ ကုဌနူနာ ခေါ် အနာကြီးရောဂါ တိုက်ဖျက်ရေးကို နှစ်ပေါင်းအတော်ကြာ ဆောင်ရွက် ခဲ့ပေမဲ့၊ အခုထိ ကင်းရှင်းပပျောက် မသွားသေး ဘဲ၊ တောင်တန်းဒေသတွေမှာပါ ဝေဒနာရှင် အသစ်တွေ တွေ့ရှိနေရဆဲ ဖြစ်တယ်လို့ AFP သတင်း တစ်ရပ်က ဖေါ်ပြပါတယ်။

မော်လမြိုင်မြို့ ခရစ်ယာန် အနာကြီးရောဂါကုဆေးရုံ က ဒေါက်တာစောဆာမူလာဦးဆောင်တဲ့ကျန်းမာရေး ဝန်ထမ်းအဖွဲ့ တစ်ဖွဲ့ တောင်ပေါ် နယ်စပ်ဒေသတွေကို သွားရောက်ခဲ့ကြရာမှာ အနာကြီးရောဂါရှင်အ သစ်တွေ တွေ့ရှိခဲ့ကြကြောင်း၊ စစ်ရေးပဋိပက္ခတွေဖြစ် ပွားနေတဲ့ အတွက် ဝေဒနာရှင်တွေ ဆေးကုသခံရဖို့ အခြေအနေ မပေးဘဲဖြစ်နေကြောင်း သတင်းမှာဖေါ်ပြ ပါတယ်။

မြန်မာနိုင်ငံမှာ အနာကြီးရောဂါတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်ခဲ့ရာမှာ ၂ဝဝ၃ခုနှစ်က လူတစ်သောင်းမှာ အနာကြီးရောဂါသည် တစ်ယောက်တောင်မရှိတော့တဲ့အဆင့်ကို ရောက်ရှိခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ အစိုးရရဲ့ ကျန်းမာရေးအသုံးစရိတ် နည်းပါးလွန်းပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ချို့တဲ့အားနည်းတဲ့ အတွက်တစ်နှစ်ကို အနာကြီးရောဂါ ကူးစက်ခံရသူ သုံးထောင်ဝန်းကျင် တွေ့ရှိနေဆဲဖြစ်တယ် လို့ သိရပါတယ်။

အနာကြီးရောဂါဟာ ကူးစက်မှုနှုန်းနှေးကွေးပြီး၊ ရောဂါပျိုးချိန်ကလည်း ကြာမြင့်ပါတယ်။ ၁၉၈၅ ခုနှစ်တဝိုက်က စပြီး MDT ခေါ် ဆေးပေါင်းစပ်ကုထုံး အသုံးပြုပြီး တစ်ကမ္ဘာလုံးက အနာကြီးရောဂါသည်ပေါင်း ၁၆သန်းကို ကုသပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဝေဒနာရှင်အသစ် ဆက်လက်တွေ့ရှိနေရဆဲဖြစ်တဲ့ နိုင်ငံ ၁၈ နိုင်ငံရှိပြီး၊ အဲဒီထဲမှာ မြန်မာနိုင်ငံ ပါဝင်နေ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org