မြန်မာလျှပ်စစ်ထုတ်ရေး ပြင်သစ်က ငွေချေးမည်
မြန်မာနိုင်ငံက ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းတွေအတွက်၊ ပြင်သစ်ထံက မြန်မာကျပ်ငွေ ဘီလံျ ၆၀ ကျော်နဲ့ ညီမျှတဲ့ ယူရို ၃၅.၇ သန်းချေးယူဖို့ စီစဉ်နေတယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စု လွှတ်တော်ကို ပေးပို့တဲ့ စာချွန်လွှာမှာ ဖော်ပြထားပါတယ်။
-
2019-05-02 -
-
-
ရှမ်းပြည်နယ်က လျှပ်စစ်ဓါတ်အားပေး တာဝါတိုင်ကို တွေ့ရစဉ်
Photo: Kyaw Zin Than/RFA
မြန်မာနိုင်ငံက ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းတွေအတွက်၊ ပြင်သစ်ထံက မြန်မာကျပ်ငွေ ဘီလံျ ၆၀ ကျော်နဲ့ ညီမျှတဲ့ ယူရို ၃၅.၇ သန်းချေးယူဖို့ စီစဉ်နေတယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စု လွှတ်တော်ကို ပေးပို့တဲ့ စာချွန်လွှာမှာ ဖော်ပြထားပါတယ်။
ဒီချေးငွေဟာ အတိုးဝ.၆၈%နဲ့ ၁၃နှစ်ချေးယူမှာဖြစ်တယ်လို့ စီမံဘဏ္ဍာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။ ဒီချေးငွေကို မြန်မာနိုင်ငံမှာ ဆောက်လုပ်ပြီးဖြစ်တဲ့ ရဲတံခွန်၊ မုန်းချောင်း၊ ကင်းတား၊ဇောင်းတူနဲ့ သဖန်းဆိပ် စတဲ့ ရေအားလျှပ်စစ်ထုတ်ယူနိုင်တဲ့ စက်ရုံတွေမှာ အကြီးစားပြင်ဆင်မှုများပြုလုပ် အဆင့်မြှင့်မှာဖြစ်ပါတယ်။ စက်ရုံတွေကို ပြင်ဆင်ပြီးချိန်မှာ လျှပ်စစ်ကီလိုဝပ်နာရီ ၅၆၅ သန်းကနေ ၆၄၆ သန်းအထိ ထုတ်ယူနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။