မြန်မာအိမ်အကူအမှု စင်္ကာပူ အလုပ်သမားဝန်ကြီးဌာနထံ တိုင်ကြားမည်

စင်ကာပူနိုင်ငံမှာ အိမ်ရှင်က ရိုက်နှက်လို့ ပတ်ဝန်းကျင်ကို အကူအညီတောင်းတဲ့ မြန်မာအိမ်အကူ အမျိုးသမီးရဲ့ ဗီဒီယိုဖိုင် အွန်လိုင်းမှာ ပျံ့နှံ့သွားပြီး အိမ်ရှင်ကို စင်ကာပူနိုင်ငံ အလုပ်သမားအင်အား ဝန်ကြီးဌာနထံ စာပို့တိုင်ကြားသွားမယ်လို့ စင်ကာပူအခြေစိုက် ရွှေ့ပြောင်းနေထိုင်မှု စီးပွားရေးဆိုင်ရာ လူသားချင်းစာနာထောက် ထားရေးအဖွဲ့ (HOME ) အဖွဲ့ဝင် ဒေါ်အေးမာမာက ဒီနေ့ ပြောပါတယ်။

စင်ကာပူနိုင်ငံမှာ အိမ်ရှင်က ရိုက်နှက်လို့ ပတ်ဝန်းကျင်ကို အကူအညီတောင်းတဲ့ မြန်မာအိမ်အကူ အမျိုးသမီးကို တွေ့ရစဉ် Photo: All Singapore Stuff

စင်ကာပူနိုင်ငံမှာ အိမ်ရှင်က ရိုက်နှက်လို့ ပတ်ဝန်းကျင်ကို အကူအညီတောင်းတဲ့ မြန်မာအိမ်အကူ အမျိုးသမီးရဲ့ ဗီဒီယိုဖိုင် အွန်လိုင်းမှာ ပျံ့နှံ့သွားပြီး အိမ်ရှင်ကို စင်ကာပူနိုင်ငံ အလုပ်သမားအင်အား ဝန်ကြီးဌာနထံ စာပို့တိုင်ကြား သွားမယ်လို့ စင်ကာပူအခြေစိုက် ရွှေ့ပြောင်းနေထိုင်မှု စီးပွားရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားရေးအဖွဲ့ HOME အဖွဲ့ဝင် ဒေါ်အေးမာမာက ဒီနေ့ ပြောပါတယ်။

စင်ကာပူနိုင်ငံမှာ လုပ်ခလစာမရတာ၊ မတရားမှုတွေကို ကာယကံရှင်မဟုတ်ပေမယ့် မြင်ရ၊ သိရတဲ့သူက တိုင်ကြားပေးလို့ရတာကြောင့် လာမယ့် တနင်္လာနေ့မှာ တိုင်ကြားမှာဖြစ်တယ်လို့ ဒေါ်အေးအေးမာ က ပြောပါတယ်။

"အဲဒီမိန်းကလေးက ဒီဗွီဒီယိုမှာ ပါးရိုက်ခံရတယ် ပြောတာပေ့ါနော်။ အဲဒါကို ကာယကံရှင်တိုင်တာတော့ ပိုကောင်းတယ်။ ဒါပေမဲ့ အဲဒီလိုမတရားမှုတွေ၊ လစာမရတာတွေကျတော့ ကာယကံရှင်မဟုတ်ပေမယ့် အဲလိုမြင်သိရတဲ့သူကလည်း တိုင်လို့ရတယ်လေ။ MOM အစိုးရဌာနကို။ အဲဒီလိုလစာမရတဲ့ကိစ္စတွေကို သူနဲ့တိုက်ရိုက် မပတ်သက်ပေမယ့် မြင်ရ၊ သိရတဲ့သူက တိုင်ကြားပေးလို့ရတယ်"

အင်တာနက် လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ထဲမှာ သူအရိုက်ခံရတဲ့အကြောင်းနဲ့ စင်ကာပူမှာရှိတဲ့ အစ်မဖြစ်သူကို ဆက်သွယ်ချင်တဲ့အကြောင်း အိမ်နီးနားချင်းအမျိုးသမီးတွေကို အကူအညီတောင်းနေ တာ တွေ့ရပါတယ်။

အဲဒီရုပ်သံဖိုင်ထဲမှာပါတဲ့ မြန်မာအလုပ်သမားကို တွေ့ဆုံနိုင်ဖို့ လိုက်လံစုံစမ်းနေပြီး အခုချိန်အထိတော့ အဆက်အသွယ်မရသေးဘူးလို့ ဒေါ်အေးအေးမာက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org