မဲဆောက်က မြန်မာတွေ ဖမ်းဆီးခံနေရ
ထိုင်းနိုင်ငံ မဲဆောက်မြို့က ဈေးတွေ မှာ မြန်မာနိုင်ငံသားတွေကို ဈေးရောင်းချခွင့် မပြုပဲ ထိုင်းအစိုးရက လိုက်လံ ဖမ်းဆီးနေ တယ်လို့ မဲဆောက်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ သားတွေက ပြောပါတယ်။
-
2016-07-30 -
-
-
ထိုင်းနိုင်ငံ မဲဆောက်မြို့က ဈေးတွေမှာ မြန်မာနိုင်ငံသားတွေကို ဈေးရောင်းချခွင့်မပြုပဲ ထိုင်းအစိုးရက လိုက်လံဖမ်းဆီးနေတယ်လို့ မဲဆောက်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
မြန်မာနိုင်ငံသားတွေ ကိုယ်ပိုင်ဈေးဆိုင်တွေနဲ့ ဈေးရောင်းခွင့်မရှိဘူးလို့ပြောပြီး နေ့စဉ် ဖမ်းဆီး နေတာဖြစ်တယ်လို့ မဲဆောက်မှာ အငှားယာဉ်မောင်း လုပ်ကိုင်နေတဲ့ ကိုအချိုင်းက ပြောပါတယ်။
"ဖမ်းတယ်ဆိုတာက သူတို့ကပြောတာက မြန်မာပြည်သားတွေဈေးရောင်းခွင့်မရှိဘူးပေါ့၊ မြန်မာပြည် သားတွေက ကိုယ်ပိုင်ဆိုင်နဲ့ ဈေးရောင်းတာတို့၊ အလုပ်သမားတွေ တရားမဝင်ဗီဇာမရှိတဲ့သူ၊ တချို့ကျတော့ အလုပ်နဲ့ သူဌေးနဲ့မတည့်တာပေါ့၊ ဗီဇာထဲမှာ သူဌေးတစ်ယောက်၊ ကိုယ်လုပ်နေတာက သူဌေး တစ်ယောက် အဲ့ဒါမျိုးတွေမတူတာပေါ့နော်"
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့က စတင်ဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးရမိသူတွေဟာ ဘတ် ၁၆၀၀ နီးပါး ဒါဏ်ကြေးပေးဆောင်ရပြီး ဒါဏ်ငွေမဆောင်နိုင်သူတွေ ကို ဈေးဆိုင်ကုန်ပစ္စည်းတွေသိမ်းပြီး မြန်မာနိုင်ငံ ကို ပြန်လည်ပို့ဆောင်တယ်လို့လည်း ပြောပါတယ်။
မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၂ သိန်းခွဲကျော်ရှိပါတယ်။