တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ICC မှာစစ်ဆေးဖို့ ကုလအဖွဲ့ပြော

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို International Criminal Court နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ပြောလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၈ ဇူလိုင် ၁၁ ရက်နေ့ကကျင်းပတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ပထမနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ် Photo: Thiha Tun/ RFA

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို International Criminal Court နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ပြောလိုက်ပါတယ်။

ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ ၊ ကလေးငယ်တွေကို မိဘတွေရဲ့ မျက်စိရှေ့မှာတင် သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အုပ်စုလိုက် အဓမ္မပြုကျင့်တာ…စတဲ့ အချက်အလက်တွေကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေ ၊ ဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ ရုပ်ပုံတွေ ၊ တခြားရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး တွေ့ရှိချက်တွေကို ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၃ ဦး ပါဝင်တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာနိုင်ငံကို ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရသူတွေလဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေကို ICC နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ တင်ပြသင့်ကြောင်း ဒါမှမဟုတ် Special Tribunal သီးသန့်တရားစီရင်မှု လုပ်သင့်ကြောင်း ပြောထားပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC အဖွဲ့ဝင် နိုင်ငံမဟုတ်တဲ့အတွက် အဲဒီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရက ငြင်းဆိုထားပါတယ်။

အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်တွေ ပြောထားတဲ့ အထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမည်တခုတည်းကိုသာ ဖော်ပြထားပြီး ကျန်တဲ့ ၅ဦးအမည်ကို ချန်လှပ်ထားပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော် ခေါင်းဆောင်တချို့အပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ပစ်မှတ်ထား ပြုလုပ်ခဲ့ပေမယ့် အဲဒီအထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တော့ မပါရှိပါဘူး။

ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတခုအနေနဲ့ အခုလို လူမျိုးတုံးသတ်ဖြတ်မှု အသုံးအနှုန်းကို သုံးတာဟာ ရှားပါးလွန်းတဲ့ ကိစ္စဖြစ်ပြီး အလားတူ ဖြစ်ရပ်တွေကတော့ ဘော့စ်နီးယားနဲ့ ရာဝမ်ဒါနိုင်ငံတွေမှာ ဖြစ်ခဲ့တာတွေနဲ့ တူတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org