မြန်မာဘက်က အမြောက်ဆံ တရုတ်နယ်မြေထဲ ထပ်ကျ
အခုသီတင်းပတ်အတွင်း ကိုးကန့်ဒေသမှာ အစိုးရတပ်တွေနဲ့ MNDAA တပ်တွေ အကြား တိုက်ပွဲတွေပြင်းထန်လျက်ရှိရာမှာ ဒီကနေ့မနက် ၈ နာရီက အမြောက်ဆံတစ်ခု တရုတ်နယ်မြေ ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တရုတ်ပြည်ဘက်ကို ထွက်ပြေးရောက်ရှိနေတဲ့ ကိုးကန့်ဒေသခံတွေက ပြော ပါတယ်။
-
2015-04-13 -
-
-
Your browser doesn’t support HTML5 audio
အခုသီတင်းပတ်အတွင်း ကိုးကန့်ဒေသမှာ အစိုးရတပ်တွေနဲ့ MNDAA တပ်တွေအကြား တိုက်ပွဲတွေပြင်းထန်လျက်ရှိရာမှာ ဒီကနေ့မနက် ၈ နာရီက အမြောက်ဆံတစ်ခု တရုတ်နယ်မြေဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တရုတ်ပြည်ဘက်ကို ထွက်ပြေးရောက်ရှိနေတဲ့ ကိုးကန့်ဒေသခံတွေ က ပြောပါတယ်။
ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဆံဟာ ဘယ်သူက ပစ်တယ်ဆိုတာမသိရပေမဲ့ မြန်မာပြည်ဘက်ကနေ ပစ်ခတ်တာဖြစ်တယ်လို့ တရုတ်ပြည် နမ့်ဆန်မြို့ အနီးမှာနေထိုင်တဲ့ လောက်ကိုင်မြို့ခံ ကိုးကန့်လူမျိုး ရဲလောက်အေ က ပြောပါတယ်။
"ဒီဘက်ကပစ်တဲ့ လက်နက်ကြီးတစ်ခု တရုတ်ပြည်ထဲဝင်သွားတယ်၊ ဒီနေ့မနက်ပိုင်း ၈ နာရီလောက်က၊ နမ့်ဆန်ကနေထွက်လာလို့ရှိရင် ၇ မိုင် ၈ မိုင်လောက်ပဲ အကွာအဝေးရှိမယ်ထင်တယ်၊ တရုတ်ပြည်ဘက်လူ ဒီနေ့တော့မထိပါဘူး၊ ဒါပေမဲ့ ကိုးကန့်ဘက်လှမ်းပစ်လို့ ပြည်သူလူထုထိသွားတာရှိပါတယ်၊ လွန်ခဲ့တဲ့နှစ်ရက်လောက်က ထိပြီးဒဏ်ရာရတာ နှစ်ယောက်ရှိပါတယ်"
အခုလိုလက်နက်ကြီးကျတယ်ဆိုတဲ့သတင်းကို တရုတ်မီဒီယာတွေမှာ မဖေါ်ပြသေးပေမဲ့ တရုတ်အင်တာနက် သတင်းတချို့မှာတော့ ပါတယ်လို့ဆိုပါတယ်။ အခုရက်ပိုင်းအတွင်း အစိုးရထုတ်ပြန်တဲ့ သတင်းတွေမှာ ကိုးကန့်ဒေသအတွင်း ထိုးစစ်ဆင်နေပြီး သံချပ်ကာကားတွေပါ အသုံးပြုတယ်လို့ ဖေါ်ပြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်မီဒီယာတွေမှာလည်း ဖေါ်ပြနေတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး MNDAA အတွင်းရေးမှူး ဦးထွန်းမြတ်လင်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
လောက်ကိုင်မြို့ခံ ကိုးကန့်လူမျိုး ရဲလောက်အေ ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။