ပြောင်းလဲမှုတွေဖြစ်လာ ဖို့ ပြည်သူတွေအပေါ် မူတည်တယ်လို့ ကိုကိုကြီးပြော
မြန်မာနိုင်ငံက အပြောင်းအလဲတွေအနေနဲ့ တကယ်တမ်းပြောင်းလဲမူတွေ ဖြစ်လာဖို့ဆိုတာ ပြည် သူတွေပေါ်မှာ မူတည်တယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ မေရီလင်းနဲ့ ဗာဂျီးနီးယားပြည်နယ် က မြန်မာနိုင်ငံသား တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောသွား ပါတယ်။
-
2013-06-10 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံက အပြောင်းအလဲတွေအနေနဲ့ တကယ်တမ်း ပြောင်းလဲမူတွေဖြစ်လာဖို့ဆိုတာ ပြည်သူတွေပေါ်မှာ မူတည်တယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ မေရီလင်းနဲ့ ဗာဂျီးနီးယားပြည်နယ်က မြန်မာနိုင်ငံသား တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောသွားပါတယ်။
မနေ့ကကျင်းပတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံက ပြောင်းလဲမူတွေနဲ့ ပတ်သက်ပြီး ၈၈ မျိူးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက
"ပြောင်းတာတော့ ပြောင်းနေပါပြီ၊ အခုပြောင်းနေတဲ့ အပြောင်းတွေဟာ အရှိန်အဟုန်ကောင်းလာဖို့ အာမခံချက်ရှိတဲ့ပြောင်းလဲမှုတွေ ဖြစ်ဖို့ကတော့ အခုအချိန်အထိ ကျနော်တို့အားလုံးအပေါ်မှာပဲ တည်တယ်၊ တကယ်က ပြီးခဲ့တဲ့ခေတ်တစ်လျှောက်လုံးမှာ အာဏာရှင်တွေရဲ့ နိုင်ငံရေးစိတ်ကောင်းရှိမှု ဆိုတာအပေါ်မှာသာ အားကိုးနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ အပြောင်းအလဲအားလုံးဟာ အချက်အလက်ပေါ်မှာပဲ တည်တယ်လို့ ကျနော်တို့မြင်တယ်၊ ဘာကြောင့်လဲဆိုတော့ ပြောင်းတာဖြစ်မယ်လို့ သူတို့ယုံကြည်လာအောင် လက်ခံလာအောင်လုပ်နိုင်ရင် ပြောင်းမယ်၊ မပြောင်းရင် ခင်ဗျားဒီလိုအန္တရာယ်တွေ ကြုံရလိမ့်မယ်၊ ဒီပြဿနာတွေ ရင်ဆိုင်ရလိမ့်မယ်လို့ ကျနော်တို့ကပြောပြနိုင်တယ်၊ အဲဒီလိုဖြစ်အောင်လုပ်နိုင်ရင် ပြောင်းမယ်၊ အဲဒါကျနော်တို့က အပြောင်းအလဲကို အာမခံချက်ရှိဖို့ဆိုတာ ကျနော်တို့အခြေအနေတွေကို ဘယ်လောက်ဖန်တီးနိုင်တဲ့အခြေအနေအပေါ်မှာပဲတည်တယ်"
တဆက်တည်း ကိုမင်းကိုနိုင်ကလည်း အမေရိကန်ပြည်ထောင်စုခရီးစဉ်မှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအရ မြန်မာတွေသင်ခန်းစာယူသင့်တဲ့ အချက်များအပြင် ပြည်သူကရွေးချယ်တင်မြောက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍတွေကိုပြောသွားပြီး တက်ရောက်လာသူတွေက မေးမြန်းတာတွေကိုလည်း ဖြေဆိုသွားပါတယ်။
အခမ်းအနားကို မေရီလင်းပြည်နယ် Twinbrook မူလတန်းကျောင်းမှာ ပြုလုပ်တာဖြစ်ပြီး မြန်မာနိုင်ငံသား ၂၅ဝ ကျော် တက်ရောက်ပါတယ်။