မဏိပူရ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို မြန်မာဘက်ပြန်ပို့

မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာ အဖမ်းခံရတဲ့ မြန်မာလူမျိုး ၃၈ ဦးကို မြန်မာဘက်ပြန်ပို့လိုက်ပြီလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်တွင် အဖမ်းခံရသည့် မြန်မာလူမျိုးများအား မြန်မာနယ်စပ် တမူးမြို့သို့ ပြန်လည်ပို့ဆောင်ပေးနေသည်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာ အဖမ်းခံရတဲ့ မြန်မာလူမျိုး ၃၈ ဦးကို မြန်မာဘက်ပြန်ပို့လိုက်ပြီလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

သူတို့ကို အင်ဖာအကျဉ်းထောင်ကနေ မိုးရေးမြို့ကိုဇွန်လ ၁၁ ရက်နေ့မှာပဲ အာသံရိုင်ဖယ်တပ်ဖွဲ့ က ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီကတစ်ဆင့် တမူးမြို့ မြန်မာစစ်ကောင်စီဆီကို လွှဲပြောင်းပေးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဇွန်လ ၁၁ ရက်မှာ ၃၈ ဦး ပြန်လွှဲလာတယ်။ ဒုတိယသုတ်အနေနဲ့ နယ်စပ် ချစ်ကြည်ရေးတံတားကနေ လွှဲပြောင်းပေးတာဖြစ်တယ်။ မဏိပူရ်ပြည်နယ်ထဲမှာ အဖမ်းခံရတာတချို့တော့ ကျန်သေးတယ်။ အခုပြန်လွှဲပေးတဲ့ဟာတွေက ရက်ကန်းအလုပ်သမားတွေဖြစ်တယ်"

ပြန်လွတ်လာသူတွေထဲ ကလေးတွေအပါအဝင် အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၂ ဦး ပါဝင်ပါတယ်။

၂၀၂၄ ခုနှစ် မေလ ၂ရက်နေ့ကလည်း မြန်မာလူမျိုး ၃၈ ဦးကို ပြန်လွှဲပေးခဲ့ပါသေးတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org