ကုလလုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ထုတ်ပြန်ချက် မြန်မာအစိုးရ လက်ခံကျေနပ်ခြင်း မရှိ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ထုတ်ပြန်ချက်အပေါ် မြန်မာအစိုးရအနေနဲ့ လက်ခံကျေနပ်ခြင်း မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့စဉ် Photo: AFP

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ထုတ်ပြန်ချက်အပေါ် မြန်မာအစိုးရအနေနဲ့ လက်ခံကျေနပ်ခြင်း မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့က လုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကြေညာချက်အပေါ် မြန်မာအစိုးရက မနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီဥက္ကဌရဲ့ ထုတ်ပြန်ချက်မှာ မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ကြိုးပမ်းမှု တချို့အဝက်ကိုပဲ အသိအမှတ်ပြုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို  နှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနဲ့  ဖြေရှင်းဆွေးနွေးမှသာ  အောင်မြင်နိုင်တယ်ဆိုတဲ့အချက်ကို လျစ်လျူရှုထားကြောင်း၊ မြန်မာနှင့်  ဘင်္ဂလားဒေရှ့်နှစ်နိုင် ငံကြား ချစ်ကြည်ရင်းနှီးစွာ ကိုင်တွယ်ဖြေရှင်းနေတဲ့  အခြေအနေတစ်ရပ်အပေါ် မလိုအပ်ဘဲ လုံခြုံရေးကောင်စီဥက္ကဌ  ထုတ်ပြန်လိုက်ချက်ထုတ်ခဲ့တယ်လို့ မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်မှာ  ဖော်ပြထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးကိုလည်း နိုဝင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ မြန်မာနိုင်ငံကို ဖိတ်ကြားထားပြီး နှစ်ဦးနှစ်ဖက် ကျေနပ်လက်ခံတဲ့ သဘောတူညီချက်တစ်ရပ်ရရှိဖို့ မျှော်မှန်းထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org