မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ရန်ကုန်မှာ ကျင်းပမည်

ပထမဆုံးအကြိမ် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်တွေ ပူးပေါင်းကျင်းပမယ့် မြန်မာ့ ငြိမ်းချမ်းရေး ပွဲတော်ကို ဇူလိုင်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တို့ မှာ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ၂၀၁၃ ဒီဇိုင်းအား တွေ့ရစဉ်။ Photo:House of Media and Entertainment

ပထမဆုံးအကြိမ် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်တွေ ပူးပေါင်းကျင်းပမယ့် မြန်မာ့ငြိမ်းချမ်းရေးပွဲတော်ကို ဇူလိုင်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တို့မှာ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာကျင်းပမှာဖြစ်ပါတယ်။

ဦးသူရ(ခ) ဇာဂနာ ဦးဆောင်ပြီး လူရွှင်တော်တွေ စုပေါင်းကျင်းပမယ့် မြန်မာ့ငြိမ်းချမ်းရေးပွဲတော်မှာ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်တွေက ကဏ္ဍတွေခွဲပြီး ထာဝရသေနတ်သံပပျောက်ရေး အတွက် ဖျော်ဖြေတင်ဆက်မှာဖြစ်တယ်လို့ လူရွှင်တော် ဦးမေတ္တာက RFA ကို ပြောပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့ ငြိမ်းချမ်းရေးပွဲတော်အစီအစဉ်မှာ မြေဇာပင်ပြဇာတ်၊ ငြိမ်းချမ်းရေးဇာတ်ထုပ် "ငြိမ်းချမ်းရေးလိုတယ်"လို့ အမည်ပေးထားတဲ့ အော်ပရာ၊ ငြိမ်းချမ်းရေးနှစ်ပါးသွား၊ ခေတ်ပေါ်ငြိမ်းချမ်းရေးသံစဉ်၊ ငြိမ်းချမ်းရေးတေးသံနဲ့ ငြိမ်းချမ်းရေးတေးသီချင်းတွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင်လ၂၈ ရက်နေ့ ညမှာတော့ Iron Cross  အဖွဲ့က ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org