ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သတင်းထောက် ငါးဦး ထပ်မံဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၈ ဒီနေ့မနက်က စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သတင်းယူနေရင်း ဖမ်းဆီးခံလိုက်ရတဲ့ သတင်းထောက် ငါးယောက်ရှိပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သတင်းထောက် ၅ ဦး ထပ်မံ ဖမ်းဆီးခံရ

မြေနီကုန်းမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဆန္ဒပြပွဲသတင်းယူနေတဲ့ သတင်းထောက်များကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၈ ဒီနေ့မနက်က စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သတင်းယူနေရင်း ဖမ်းဆီးခံ လိုက်ရတဲ့ သတင်းထောက် ငါးယောက်ရှိပါတယ်။
 
ဧရာဝတီတိုင်း ပုသိမ်မြို့က သံတော်ဆင့်သတင်းဌာနက ကိုရဲရင့်ထွန်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ 74 မီဒီယာက မောင်ပေါင်လန်း၊ ရန်ကုန်မြို့က ဓာတ်ပုံသတင်းထောက် ရှင်မိုးမြင့်၊ ချွန်းဂျာနယ်က ကိုကျော်နေမင်း နဲ့ ပဲခူးတိုင်း ပြည်မြို့ မြေလတ်အသံ သတင်းဌာနက ကိုဇေယျာမြင့်တို့ ဖြစ်ပါတယ်။
 
ဖေဖော်ဝါရီ ၂၇ ရက် မနေ့က အဖမ်းခံထားရတဲ့သတင်းထောက် ရှစ်ယောက်ထဲက မုံရွာဂေဇက်က အယ်ဒီ တာချုပ် ကျော်ကျော်လွင် ခေါ် ကိုကိုလေး၊ မကွေးမြို့ မြေလတ်ဂျာနယ်က သတင်းထောက် မဇာဇာ တို့ကတော့ လွတ်မြောက်လာပြီဖြစ်ပြီး ကျန်တဲ့သတင်းထောက်တွေကတော့ မလွတ်သေးပါဘူး။
 
ရန်ကုန်မြို့ မြေနီကုန်းဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ မြန်မာနောင်းက သတင်းထောက် မကေဇွန်နွေး၊ MPA ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်၊ အေပီ က သတင်းထောက် ကိုသိန်းဇော်၊ ဆဲဗင်းဒေးက သတင်းထောက် ကိုအောင်ရဲ၊ ဇီးကွက်သတင်းဌာနက ကိုဟိန်းပြည့်ဇော်၊ ချင်းပြည်နယ် ဟားခါးတိုင်းမ်း သတင်းဌာနက အယ်ဒီတာချုပ် ကိုပါပွီး တို့ မလွတ်သေးတာပါ။ ရန်ကုန်က အဖမ်းဆီးခံသတင်းထောက်တွေ လွတ်မြောက်ဖို့ အတွက် ရှေ့နေတွေနဲ့ မိဘတွေက ကြိုးစားနေကြပါတယ်။
 
ဟားခါးတိုင်းသတင်းဌာန အယ်ဒီတာချုပ် ကိုပါပွီးကို ဒီနေ့နေ့လယ် ၂ နာရီမှာ ပြန်လွှတ်ပေးမယ့်အကြောင်း ရဲစခန်းက အကြောင်းကြားလာတယ်လို့ အဲဒီသတင်းဌာန အယ်ဒီတာ KB Thawng က ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org