မြန်မာနိုင်ငံသားတွေ ဆင်းရဲမှုနဲ့ လျှပ်စစ်မီး အလုံအလောက်မရရှိမှု ရင်ဆိုင်နေရ

မြန်မာနိုင်ငံသား လေးပုံတစ်ပုံဟာ ဆင်းရဲနွံမှာနစ်နေပြီး၊ နိုင်ငံသား လေးပုံ သုံးပုံက လျှပ်စစ်မီး အလုံအလောက်မရတဲ့ အခြေအနေ နဲ့ရင်ဆိုင်နေရတယ်လို့ ဗြိတိန်နိုင်ငံ အရှေ့တောင်အာရှ ဆိုင်ရာဝန်ကြီး မစ္စတာ Hugo Swire က မနေ့က ပြောလိုက် ပါတယ်။

လယ်တောတွင် ချက်ပြုတ်နေကြတဲ့ လယ်သမားများကို တွေ့ရစဉ် photo: RFA/ Kyaw Zawe Win

မြန်မာနိုင်ငံသား လေးပုံတစ်ပုံဟာ ဆင်းရဲနွံမှာနစ်နေပြီး၊ နိုင်ငံသား လေးပုံသုံးပုံက လျှပ်စစ်မီး အလုံအလောက်မရတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ ဗြိတိန်နိုင်ငံ အရှေ့တောင်အာရှဆိုင်ရာဝန်ကြီး မစ္စတာ Hugo Swire က မနေ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအတွက် ဗြိတိန်အစိုးရက အမေရိကန်ဒေါ်လာ ၉ သိန်း ကူညီထောက်ပံ့မယ်လို့လည်း ကြေညာပါတယ်။

လန်ဒန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့ရာမှာ ဗြိတိန်ဝန်ကြီးက ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း ထင်ရှားတဲ့အပြောင်းအလဲတွေ ဆောင်ရွက်ခဲ့တာတွေ့ရကြောင်း၊
ဒီဆောင်ရွက်မှုတွေကို ကြိုဆိုကြောင်း၊ ဒါပေမယ့် ဒီပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်မလှည့်ပဲ ဒီထက်ပိုပြီး ရှေ့ကိုတိုးပြီး ဆောင်ရွက်စေချင်ကြောင်း ပြောဆိုခဲ့သလို၊ မြန်မာနိုင်ငံမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့နဲ့ကချင်ပြည်နယ်က စစ်ပွဲတွေရပ်ဖို့စတဲ့ အရေးတကြီး ဆောင်ရွက်စရာတွေရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org