မြန်မ့ာ ပြုပြင်ပြောင်းလဲရေးပြန်လည်ဆန်းစစ်ဖို့ လိုပြီလို့ပြော

မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးဟာ အခြေခံလူတန်းစား အတွက်ဟုတ်ရဲ့လားဆိုတာ ပြန်လည်ဆန်းစစ်ဖို့လိုပြီလို့ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ EcoDev အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းမျိုးသူက အမေရိ ကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်မှာ မနေ့ကကျင်းပ တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးဟာ အခြေခံလူတန်းစားအတွက်ဟုတ်ရဲ့လားဆိုတာ ပြန်လည်ဆန်းစစ်ဖို့လိုပြီလို့ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ EcoDev အဖွဲ့  ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းမျိုးသူက အမေရိ ကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်မှာ မနေ့က ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ ပြောကြားလိုက် ပါတယ်။

PISA- Partnership for International Strategies in Asia က ကမကထလုပ်ပြီး George Washington တက္ကသိုလ် မှာ Reform, Resource Governance and Civil Society in Myanmar မြန်မာနိုင်ငံ က ပြုပြင်ပြောင်းလဲခြင်း၊ သယံဇာတ စီမံခန့်ခွဲခြင်းနဲ့ အရပ်ဘက်အဖွဲ့အစည်းဆိုတဲ့ ဆွေးနွေးပွဲမှာ ပြောကြားသွား တာပါ။

အထူးသဖြင့် ပြုပြင်ပြောင်းလဲတယ်ဆိုတဲ့ လုပ်ငန်းစဉ်ကို အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပကတိအမြင်ကို ပြောမှာ ပါ။ ဒီ အပြောင်းအလဲကို အရပ်ဘက် အဖွဲ့အစည်းတွေ ဘယ်လို ရှုမြင်ကြသလဲဆိုတာနဲ့ ကျွန်တော်နိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာ နိုင်ငံတကာကို မျှဝေချင်တာတွေကို ဒီဆွေးနွေးပွဲမှာ ပြောမှာပါလို့ ဦးဝင်းမျိုးသူက ပြော ပါတယ်။

ဒီအကြောင်းတွေ မပြောခင်မှာ သစ်တောတွေဖုံးလွှမ်းခဲ့တဲ့ မြန်မာနိုင်ငံမှာ အစိုးရ၊ ခရိုနီလို့ လူထုကသိနေကြတဲ့ အစိုးရနဲ့ နီးစပ်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေက တရားဝင်နည်းနဲ့ရော တရားမဝင်နည်းနဲ့ပါ သစ်တွေခုတ်တဲ့အတွက် သစ်တော ပြုန်းတီးတာတွေနဲ့ ရွှေရှာကြတဲ့အတွက် သဘာဝပျက် တာတွေကြောင့် အောက်ခြေလူတန်းစားတွေ စားဝတ်နေရေး ကျပ်တည်းပြီး လူမှုဘဝတွေ ပျက်စီးရတာတွေကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုပြသပါတယ်။

ဟောပြောချိန်မှာလည်း သုတေသနလုပ်ထားတဲ့ အချက်အလက် အထောက်အထားတွေနဲ့ တင်ပြသွားပါတယ်။

ဦးဝင်းမျိုးသူဟာ အရပ်ဘက်အဖွဲ့အစည်းတွေဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ် ဝန်းကျင်ရေးရာဆိုင်ရာ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေအတွက် အကျိုးဆောင်နေတဲ့ ECODEV နဲ့ ALARM အဖွဲ့ကိုထူထောင်သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ပညာရှင်ရှုထောင့်ကစောင့်ကြည့် သူလည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအကြောင်း ဒေါ်စမ်းစမ်းတင်ကတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org