မြန်မာနဲ့ အာဖဂန်က ဒုက္ခသည်တွေ ခိုလှုံခွင့်အများဆုံးတောင်းခံဖို့ရှိ

၂၀၂၅ ခုနှစ်မှာ အာရှပစိဖိတ်ဒေသကနေ တတိယနိုင်ငံတွေမှာ အခြေချလိုတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၂၀၂၄ ခုနှစ်ကထက် ခြောက်ရာခိုင်နှုန်း ထပ်တိုးလာဖို့ ရှိနေတယ်လို့ UNHCR က ခန့်မှန်းပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP

လာမယ့် ၂၀၂၅ ခုနှစ်မှာ တတိယနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်ခွင့်ရလိုတဲ့ အာရှနိုင်ငံတွေက ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၇၇၆,၅၀၀ ရှိမှာ ဖြစ်ပြီး၊ ဒီ ဒုက္ခသည်အားလုံးရဲ့ ၉၄ ရာခိုင်နှုန်းဟာ မြန်မာနဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံက ဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အစီရင်ခံစာတစ်စောင်မှာ ခန့်မှန်းထားပါတယ်။

၂၀၂၅ ခုနှစ်မှာ အာရှပစိဖိတ်ဒေသကနေ တတိယနိုင်ငံတွေမှာ အခြေချလိုတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၂၀၂၄ ခုနှစ်ကထက် ခြောက်ရာခိုင်နှုန်း ထပ်တိုးလာဖို့ ရှိနေပြီး၊ အများစုက အာဖဂန်နစ္စတန်နိုင်ငံနဲ့ မြန်မာနိုင်ငံက ဖြစ်လိမ့်မယ်လို့ UNHCR က ခန့်မှန်းပါတယ်။

မြန်မာနဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံမှာ မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် နိုင်ငံတွင်းသာမက နိုင်ငံပြင်ပအထိ နေရပ်စွန့်ခွာ ထွက်ပြေးနေတဲ့ ဒုက္ခသည်အရေအတွက် တိုးပွားနေပြီး၊ ဒီဒုက္ခသည်တွေဟာ ဆန္ဒအလျှောက် နေရပ်ပြန်ကြဖို့ ဖြစ်နိုင်ခြေလည်း အလွန်နည်းပါးနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

UNHCR မှထုတ်ပြန်ထားသည့် ကမ္ဘာတစ်ဝန်း ပြောင်းရွှေ့အခြေချရန် လိုအပ်သည့် ဒုက္ခသည်စာရင်း။

ကမ္ဘာတစ်ဝန်းမှာတော့ ဆီးရီးယားနိုင်ငံက ဒုက္ခသည် (၉၃၃,၀၀၀) နဲ့ အများဆုံးဖြစ်ပြီး၊ အာဖဂန်နစ္စတန် က (၅၅၈,၀၀၀)၊ တောင်ဆူဒန်က (၂၄၂,၀၀၀)၊ မြန်မာက (၂၂၆,၀၀၀)၊ ဆူဒန်နိုင်ငံက (၁၇၂,၀၀၀) နဲ့ ကွန်ဂို ဒီမိုကရစ်တစ် သမ္မတနိုင်ငံက (၁၅၈,၀၀၀) ကို တတိယနိုင်ငံတွေမှာ အခြေချခွင့်ပေးဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။⁣

ဒုက္ခသည် စုစုပေါင်း အရေအတွက်အရဆိုရင် ရိုဟင်ဂျာဒုက္ခသည် ၁ ဒဿမ ၁ သန်း အပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည် ၁ ဒဿမ ၃ သန်း ရှိပြီး၊ အများစုက ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံတွေမှာ ရောက်နေကြတယ်လို့ ဖော်ပြပါတယ်။ ⁣

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org