မြန်မာဒုက္ခသည် ၅၀ တက္ကသိုလ် ပညာရေး သင်ကြားခွင့်ရမည်

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း က ကျောင်းသူ ကျောင်းသား ၅၀ ပညာသင် ကြားဖို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အခြေစိုက် ပြည်သူ့တက္ကသိုလ် University of the People က လက်ခံလိုက်ပြီး ကျောင်းသူ၊ ကျောင်းသားတွေကို Online ကနေပြီး Online University (အွန်လိုင်း တက္ကသိုလ်) အနေနဲ့ အခမဲ့ သင်ကြားပို့ချပေးသွားမယ်လို့ သိရပါတယ်။

အွန်လိုင်းတက္ကသိုလ် ပညာသင်ကြားမှုကျောင်းဖွင့်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံ မဲဆောက်မြို့က မယ်တော်ဆေးခန်းမှာ နိုဝင်ဘာလ ၂၃ ရက်နေ့က ကျင်းပနေစဉ် Photo: Aung Moe Myint/ RFA

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းက ကျောင်းသူ ကျောင်းသား ၅၀ ပညာသင်ကြားဖို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားအခြေစိုက် ပြည်သူ့တက္ကသိုလ် University of the People က လက်ခံလိုက်ပြီး ကျောင်း သူ၊ ကျောင်းသားတွေကို Online  ကနေပြီး Online University (အွန်လိုင်း တက္ကသိုလ်) အနေနဲ့ အခမဲ့ သင်ကြား ပို့ချပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်ကျောင်းသူကျောင်းသားများရဲ့ အွန်လိုင်းတက္ကသိုလ်ပညာသင်ကြားမှုကို ဒါပထမဆုံး အကြိမ် လက်ခံသင်ကြားပေးတာဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှိတဲ့ ဒေါက်တာ စင်သီယာမောင် ဖွင့်လှစ်ထားတဲ့ မယ်တော် ဆေးခန်းမှာ ညနေ ၅ နာရီက ဒီကျောင်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို ပြည်သူ့တက္ကသိုလ် University of the People ဥက္ကဌ ဖြစ်တဲ့ Mr. Shai Reshef ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပညာသင်ကြားရေး ဆိုင်ရာကိစ္စတွေရှင်းပြခဲ့တယ်လို့ ဒုက္ခသည် ကျောင်းသူကျောင်းသားတွေ ပညာသင်ကြားနိုင်ရေး ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသားပညာရေး ဌာနများနဲ့ ရွှေ့ပြောင်းလူထုပညာရေး အကြံပေးပုဂ္ဂိုလ် ဒေါက်တာ သိန်းနိုင် က RFA ကို အခုလို ပြောပါတယ်။

"အဓိကအချက်ကတော့ ကျနော်တို့ ဒီထိုင်း မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ရွှေ့ပြောင်းလူထုအတွက် ဒီတက္ကသိုလ်ပညာ အခက်အခဲအများကြီး ရှိပါတယ်။ အဲဒီအပေါ်မှာ တက္ကသိုလ်တွေ သွားရောက်သင်ကြားတဲ့ အရေအတွက် အနည်းအကျဉ်းရှိပေမယ့် အများစုအတွက်က လက်လှမ်းမမှီတော့ ဒီကွန်မြူနတီထဲမှာ လုပ်ကိုင်နေထိုင်ရင်းနဲ့လည်း ဒီအဆင့်မြင့်ပညာကို လက်လှမ်းမှီနိုင်တဲ့ အခြေအနေမျိုး ကျနော်တို့က စဉ်းစားကြည့် တဲ့အခါမှာ ဒီ University of the People နဲ့ ချိတ်ဆက်မိပါတယ်။ သူတို့ရဲ့ တက္ကသိုလ်ဥက္ကဌ ဖြစ်တဲ့ Mr. Shai Reshef နဲ့ ကျနော်တို့ ဆွေးနွေးမှုတွေလုပ်တယ် အဲဒီနောက်ဆက်တွဲမှာ သူတို့က ဒီစကောလားရှစ် ၅၀ ပေးဖို့အတွက်ကို ဒီဒုက္ခသည် ကလေးငယ်တွေအတွက်ကို သဘောတူထားတာရှိတယ်ဆိုတော့ ဒီအွန်လိုင်း စနစ်နဲ့ပေါ့နော် လေ့ လာနိုင်ဖို့အတွက် သူတို့ပေးသွားမှာပါ"

ပညာသင်ကြားခွင့် ရရှိမည့်သူတွေကတော့ ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်စခန်း ၉  ခုထဲမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေ အပါအဝင် နယ်စပ်ဒေသက ရွှေပြောင်းမြန် မာနိုင်ငံသားတွေထဲက ကျောင်းသူကျောင်းသားအယောက် ၅၀ ကို ရွေးချယ်ထားတယ်လို့လည်း သိရပါတယ်။

မြန်မာဒုက္ခသည် ကျောင်းသူကျောင်းသားတွေအနေနဲ့ ဒီတက္ကသိုလ်ကနေပြီး MBA ဘွဲ့အပြင် ကွန်ပျူတာသိပ္ဗံဘွဲ့ ၊ကျန်းမာရေးသိပ္ဗံဘွဲ့၊  စီးပွားရေး စီမံခန့်ခွဲမှု သိပ္ဗံဘွဲ့တွေကို သင်ကြားရရှိကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြည်သူ့တက္ကသိုလ် University of the People တက္ကသိုလ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က အမေရိကန်နိုင်ငံအစိုးရနဲ့ အမေရိကန်ပညာရေးလောကမှာ အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပြီး ကျူရှင် ကျောင်းလခ အများကြီးပေးစရာမလိုဘဲ တကမ္ဘာလုံးမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေ ပညာသင်ကြားနေတဲ့ ကျောင်း တစ်ကျောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org