ဒုက္ခသည်ပြန်ပို့ရေး ထိုင်း ဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်း စုကြည် ဆွေးနွေးမည်

ထိုင်း မြန်မာနယ်စပ်လျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုက မြန်မာဒုက္ခသည် တစ်သိန်းကျော်ကို မူလနေရပ် ပြန်ပို့ရေးကိစ္စနဲ့ ပတ်သက် ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေးမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ပြောပါတယ်။

ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်းက မြန်မာဒုက္ခသည်တွေကို တွေ့ရစဉ် Photo: 法師山崎

ထိုင်း မြန်မာနယ်စပ်လျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုက မြန်မာဒုက္ခသည် တစ်သိန်းကျော်ကို မူလနေ ရပ် ပြန်ပို့ရေးကိစ္စနဲ့ ပတ်သက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေးမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ပြောပါတယ်။

ထိုင်း အာဏာသိမ်းစစ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဝီရာချွန် ကလည်း ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်တွေ ကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အမြဲတမ်း စိတ်အားထက်သန်နေတာဖြစ်ကြောင်း၊ ဒါပေမဲ့ ဥပဒေရေးရာ အဟန့် အတားတွေ၊ လုပ်ထုံးလုပ်နည်း အတားအဆီးတွေနဲ့ ရင်ဆိုင်နေရကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၀ ပြည့်နှစ်လွန် ကာလတွေကစပြီး ပြည်တွင်းစစ်နဲ့ နိုင်ငံရေး ပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံ တွင်းကို ထွက်ပြေးခိုလှုံလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်ပို့အတွက်၊ ထိုင်းလုံခြုံရေးဌာနတွေအနေနဲ့ ကာလ ကြာရှည် အမြဲတမ်းစိတ်ကူးရှိနေတာဖြစ်ပေမဲ့၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေနဲ့ တိုက်ပွဲတွေက ဆက်လက်ဖြစ် ပွားနေတာကြောင့် ဒုက္ခသည်ပြန်ပို့ရေးကိစ္စ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ပြောပါတယ်။

ဒါ့ပြင် ထိုင်းအစိုးရဘက်မှာလည်း နိုင်ငံသားသက်သေခံလုပ်ငန်းစဉ်နဲ့ မှတ်ပုံတင် အထောက်အထား ပြဿနာတွေက ဒုက္ခသည်ပြန်ပို့ရေးအတွက် အဓိက အဟန့်အတားဖြစ်နေတယ်လို့လည်းပြောပါတယ်။

ဒါပေမဲ့ ဒီပြဿနာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အတွင်း ဝန်ကြီးချုပ် ပရာယွတ်နဲ့ တွေ့ဆုံတဲ့ အခါ ဆွေးနွေးကြမှာဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုပါတယ်။

ဒါပေမဲ့ ရိုဟင်ဂျာ ပြဿနာကိုတော့ ထည့်သွင်းဆွေးနွေးမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org