ပြည်ပကို ဆန်ပြန်လည် တင်ပို့တော့မည်

မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များ အသင်းချုပ်က ရေဘေးဒဏ်ကြောင့် ပြည်ပ ကို ဆန်တင်ပို့မှု တစ်လခွဲကြာ ရပ်ဆိုင်း ထားရာကနေ လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ မှာ ပြန်လည်တင်ပို့ခွင့်ပြုမှာ ဖြစ်ပါတယ်။

ကုန်ကားပေါ်သို့ ဆန်အိတ်များ တင်နေသော ပခုံးထမ်း အလုပ်သမားများ ဖြစ်ပါသည်။ Photo: AFP

မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းချုပ်က ရေဘေးဒဏ်ကြောင့် ပြည်ပကို ဆန်တင်ပို့မှု တစ်လခွဲကြာ ရပ်ဆိုင်းထားရာကနေ လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပြန်လည်တင်ပို့ခွင့်ပြုမှာ ဖြစ်ပါတယ်။

သက်ငယ်စပါး ပေါ်တော့မှာဖြစ်တဲ့အတွက် ပြည်တွင်းမှာ စပါးဈေးကျလာမှာ စိုးရိမ်တာကြောင့် ပြည်ပကို တင်ပို့ခွင့်ပြုလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းချုပ်က အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောပါတယ်။

"စက်တင်ဘာလကုန် အောက်တိုဘာလမှာ စပါးတွေပေါ်လာပြီလေ၊ လယ်သမားတွေ စပါး ၁၄ သန်းကနေပြီးတော့ ဆန်တင်ချိန်တင်း ၁ဝ သန်းကျော်လောက် ထွက်လာမှာရှိတယ်၊ အဲ့ထွက်လာကျတော့ လယ်သမားတွေအနေနဲ့ ဈေးကျတဲ့ပြဿနာရှိလာတယ်၊ အဲ့ဒီတော့ ကျနော်တို့က နိုင်ငံခြားတင်ပို့မှုဆက်ပိတ် ထားရင် လယ်သမားတွေ တွက်ခြေမကိုက်တော့ဘူး၊ နောက်လယ်စိုက်မှာမဟုတ်တော့ဘူး၊ အဲ့ဒါကြောင် ကျနော်တို့က ဒီဟာဖွင့်ပေးရခြင်းဖြစ်တာပေါ့"

ပြည်တွင်းမှာလည်း ဆန်ဈေးနှုန်းမတက်ဖို့အတွက် ရေဘေးသင့်ဒေသတွေက မြို့နယ် ၂ဝ ကျော်မှာ ဆန်လက်လီလက်ကား အရောင်းဆိုင်တွေကို ဆက်လက်ဖွင့်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စိုက်ပျိုးမြေဧက ၁၉ သန်းကျော်ရှိပြီး တစ်နှစ်ကို ဆန်တန်ချိန် ၁၄ သန်းကျော် ထွက်ရှိကာ ပြည်တွင်း စားသုံးမှုက တစ်နှစ်ကို ဆန်တန်ချိန် ၁ဝ သန်းရှိတယ်လို့ သိရပါတယ်။

ရေဘေးကြောင့် ပြည်တွင်းဆန် စားသုံးမှုဖူလုံရေးကို ထိခိုက်မှုရှိ မရှိ RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org